Monday, June 11, 2012

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များ အားဖြည့်ထား

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်တွင်း လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုများ ဖြစ်ပွားနေသည်နှင့် အမျှ
နယ်မြေထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှလည်း ၎င်းတို့၏ နယ်စပ်တလျှောက်တွင် လုံခြုံရေးများ တိုးမြှင့် ချထားလိုက်ကြောင်း ဘင်္ဂလားအစိုးရ အရာရှိတဦးက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်တွင် ကင်းလှည့်နေသည့် နယ်ခြားစောင့်တပ်များ တနင်္ဂနွေနေ့မှစ၍ ပိုမို ချထားလိုက်ခြင်းဖြစ်ပြီး ဒေသခံ ရဲများမှာ ဦးရေ သုံးသိန်းခန့်ရှိသော ရိုဟင်ဂျာ မူဆလင် ဒုက္ခသည် စခန်းများတွင် သတိရှိရှိ စောင့်ကြပ်နေကြကြောင်း အစိုးရ အုပ်ချုပ်ရေးအရာရှိ Jasim
Uddin အား ကိုးကား၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထုတ် The News သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင်မူ ရခိုင်ပြည်နယ်တခုလုံးကို သမ္မတ ဦးသိန်းစိန် က “အရေးပေါ်အခြေအနေ” ကြေညာထား ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် စစ်တပ်မှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။