Monday, June 11, 2012

ရန်ကုန်- စစ်တွေ ယာဉ်လိုင်းများ ရပ်နားပြီး ရန်ကုန်လေဆိပ်တွင်အထူးစစ်ဆေးမှု့များပြုလုပ်ရန် ညွှန်ကြား

ရန်ကုန်- စစ်တွေ ယာဉ်လိုင်းများ ရပ်နား
ရန်ကုန်- ဇွန်၁၁
ရန်ကုန်မြို့မှစစ်တွေမြို့သို့ထွက်ခွာမည့် အဝေးပြေးယာဉ်လိုင်းအားလုံးကို ဇွန်လ၁၁ရက်နေ့တွင် စတင်ရပ်နားလိုက်ကြောင်း အောင်မင်္ဂလာအဝေးပြေးအခြေစိုက် စစ်တွေအဝေးပြေးဂိတ်များထံမှ စုံစမ်းသိရသည်။
“နယ်မြေအေးချမ်းမှု့အပေါ်မူတည်ပြီး ပြန်ထွက်မယ်။”ဟု ရန်ကုန်-စစ်တွေ တိုးရတနာဂိတ်မှတာဝန်ရှိသူတစ်ဦးက
7Day News Journal ကို ပြောသည်။

ရန်ကုန်လေဆိပ်တွင်အထူးစစ်ဆေးမှု့များပြုလုပ်ရန် ညွှန်ကြား
ရန်ကုန်- ဇွန် ၁၁
စစ်တွေမြို့နှင့်သံတွဲမြို့များမှ ပြန်လာသည့်ခရီးသည်များကို ရန်ကုန်လေဆိပ်တွင်စနစ်တကျစစ်ဆေးမှု့များပြုလုပ်နေကြောင်း ရန်ကုန်လေဆိပ်မှအဓိက တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
“လူဝင်မှု့ကြီးကြပ်ရေး(လ၀က)ကိုစစ်ခိုင်းထားတာပါ။မှတ်ပုံတင်နဲ့လူနဲ့တိုက်စစ်ဖို့။ နိုင်ငံကူးလက်မှတ်နဲ့လူနဲ့တိုက်စစ်ဖို့၊ နောက်ပြီးသတင်းကြားထားတဲ့ လူတွေပါလာမလာစစ်ဖို့ ညွှန်ကြားထားတာပါ”ဟု လေဆိပ်မှ အဆိုပါတာဝန်ရှိသူကပြောကြားသည်။

7Day News Journal

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။