Monday, June 11, 2012

 လမ်းနယ်နိမိတ် အတွင်းသို့ ရောက်ရှိနေသော ကျောက်ဆစ်အလုပ်ရုံများအား ရှင်းလင်းဖယ်ရှားရန် လုပ်ငန်းရှင်များ ခေါ်ယူဆွေးနွေးလျက်ရှိ



73613
မန္တလေးကျောက်ဆစ်တန်း တစ်နေရာအား တွေ့ရစဉ်
မန္တလေးမြို့၊ ကျောက်ဆစ်တန်းတွင် လမ်းနယ်နိမိတ်အတွင်းသို့ ရောက်ရှိနေသော ကျောက်ဆစ်အလုပ်ရုံများအား ရှင်းလင်းဖယ်ရှားရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အလုပ်ရုံပိုင်ရှင်များအား ခေါ်ယူဆွေးနွေးခဲ့ကြောင်း အလုပ်ရုံ ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

“ဘုန်းကြီးကျောင်းဘေးမှာ ကပ်လုပ်နေတဲ့ အလုပ်ရုံတွေကို သက် ဆိုင်ရာက ကျူးအဖြစ်သတ်မှတ်ပြီး ဖယ်ရှားပေးဖို့ ဆွေးနွေးမှုတွေလုပ်ခဲ့တယ်။ ဆွေးနွေးမှုတွေလုပ်ပြီးတာ နဲ့လုပ်ငန်းရှင်တွေကို ဘဲခြံကာပိုက် တွေကာခိုင်းတယ်။ ဒီလိုကာလိုက်တဲ့အတွက် အမှုန်ထွက်တာ နည်းနည်းသက်သာတာပေါ့။ အရင်က လည်း ဒီလိုကိစ္စတွေ ဖြစ်ဖူးပါတယ်” ဟု ကျောက်ဆစ်တန်းမှ လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောသည်။
မန္တလေးမြို့ ကျောက်ဆစ်တန်းတွင် အလုပ်ရုံပေါင်း ၁၀၀ ကျော် ရှိကြောင်း၊ ၎င်းတို့ထုလုပ်သော စကျင် ကျောက်များကို မတ္တရာမြို့နယ် စကျင်တောင်မှ ၀ယ်ယူရသဖြင့် နေရာပြောင်းရွှေ့ပါက သယ်ယူစရိတ်များ မြင့်တက်လာနိုင်ကြောင်း သိရသည်။
မန္တလေးမြို့ မဟာမုနိဘုရား အနောက်မုခ်နှင့် မန္တလေး-စစ်ကိုင်း ကားလမ်းဝဲယာတွင် ကျောက်ဆစ် လုပ်ငန်းများ အများဆုံးတည်ရှိပြီး ကျောက်ဆစ်ဆင်းတုတော်များ ထုလုပ်ရာ တစ်ခုတည်းသော နေရာဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။