Monday, June 11, 2012

မန်းတိုင်းမှူးဟောင်းနှင့်လုပ်ငန်းရှင်အချို့အကွက်ရိုက်ရောင်းထားသော အမရပူရမြို့နယ်မှ လယ်မြေကိစ္စ

အမရပူရမြို့နယ်အတွင်းရှိ စည်ပင်ကျေးရွာမှ လယ်ယာမြေများအား မန္တလေးတိုင်းမှူးဟောင်း ဗိုလ်ချုပ် တင်ငွေနှင့် စီးပွားရေး လုပ်ငန်းရှင် အချို့ပူးပေါင်းကာ အကွက်ရိုက်၍ ရောင်းစားခဲ့ကြောင်း သိရှိရသည်။


အဆိုပါလယ်ယာမြေများ အလိုမတူပဲသိမ်းဆည်းခံခဲ့ရမှုတွင် ကရင်လက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့မှပိုင်ဆိုင်သော လယ်မြေ တစ်ဧက ခွဲနှင့်အတူ အခြားတောင်သူ(၂၄)ဦး၏လယ်မြေများ ပါဝင်သည်။
 
၎င်းကိစ္စနှင့်ပတ်၍ ကရင်ငြိမ်းချမ်းရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသန့်ဇင်က ယခုကဲ့သို့ ပြောကြားခဲ့သည်။‘’ မြို့နယ်  ဦးစီးမှူး   ဦးကိုကိုဦးက ကျွန်တော်တို့ကိုခေါ်တွေ့တော့ ကျွန်တော်တို့ မေးတယ် ဘာကြောင့် သိမ်းတာလဲ၊ သိမ်းတယ်ဆို အကျိုး အကြောင်းပြ ပါ၊ စာပြပါ ၊ နိုင်ငံတော် စီမံကိန်းအတွက်လား နိုင်ငံတော် စီမံကိန်းအတွက် သိမ်းရင် စာထုတ်ပါ ၊ လယ်ယာမြေသိမ်းတယ်ဆိုလည်း စာထုတ်ပါ ၊တိုင်းမှူးသိမ်းတယ်ဆို တိုင်းမှူးစာပြ ၊ အခုကျွန်တော်တို့ကိုသိမ်းတဲ့ထဲမှာ သတင်းစာထဲပါတာ ဗိုလ်ချုပ်တင်ငွေပါတယ် ´´ ဟု ကရင်ငြိမ်းချမ်းရေးအဖွဲ့မှ ပို့ဆောင်ဆက်သွယ်ရေးတာဝန်ခံ ဦးသန့်ဇင်က ပြောသည်။



အဆိုပါလယ်မြေများသိမ်းဆည်းမှုတွင် မန်းမြန်မာကုမဏီ ၊ ချမ်းဟိန်း ၊ နယူးစတားနှင့် ရွှေပြည်သာ ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်ပြီး အမှုအား  မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ စာထုတ်ပြန်ပြီး စစ်ဆေးခိုင်း သဖြင့်အမရပူရမြို့နယ် အထွေထွေ  အုပ်ချုပ်ရေးရုံးတွင် ပြန်လည်ခေါ်ယူစစ်ဆေးခဲ့ကြောင်းကိုလည်းသိရှိရသည်။


ထိုကဲ့သို့ လယ်မြေသိမ်းယူမှုများတွင် အတင်းအဓ္ဓမသိမ်းယူခြင်း ခြိမ်းခြောက်ခြင်းများပါဝင်ပြီး အချို့လယ်ပိုင်ရှင် များအား   လျှော်ကြေးငွေ  နည်းပါစွာပေးလျှော်ခြင်းကို အလိုမတူပဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
 

လယ်မြေသိမ်းဆည်းခံရသူများထဲမှ တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်သိန်းက သူမ၏အတွေ့အကြုံကို ယခုကဲ့သို့ ဆိုသည်။‘’ ဒီမြေမှာ   နိုင်ငံတော်ကသိမ်းလို့ ကျောင်းဆောက်မလား ၊ ဆေးပေးခန်းဆောက်မလား ၊ လူထုကောင်းကျိုး တစ်ခုခုဆောက်မယ်ဆို ကျမ လက်လွှတ်ပါ့မယ် စွန့်လွှတ်ပါ့မယ် လှူမယ် ၊ အဲဒီလို ပုဂ္ဂလိကတွေကို ရောင်းစားတာဆိုရင် အန်တီကမပေးနိုင်ဘူး ၊ လက်မှတ်လဲ မထိုးဘူး၊ လျှော်ကြေးလည်း မယူဘူး’’ ဟု ဒေါ်မြင့်မြင့်စန်းက မြစ်မခသို့ ပြောသည်။


၎င်းသည် မြေဧကသုံးဧကကျော် ပိုင်ဆိုင်ပြီး စာရင်းငှားဖြင့် လုပ်ကိုင်စားသောက်နေသည်မှာ ကြာမြင့်ပြီဖြစ်ပြီး စပါး၊ ပဲ၊ နှမ်းများကို ရာသီအလိုက် စိုက်ပျိုးခဲ့ကြောင်းကိုလည်း သိရသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သတ်၍ လယ်မြေသိမ်းခံရသူများမှာ ၎င်းတို့ပိုင်ဆိုင်သောလယ်မြေများကို လက်ဝယ် ပြန်လည် ရရှိရန် လိုလားကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။