Monday, June 11, 2012

ရသေ့တောင်မြို့နယ်၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဆူပူအုံကြွအကြမ်းဘက်မှုများကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ရခိုင်တိုင်းရင်းသားများသည် စိုးရိမ်ထိတ်လန့်ပြီး  ရသေ့တောင်မြို့သို့ စက်လှေများဖြင့် ရောက်ရှိလျက် ရှိရာ တာဝန်ရှိသူများမှ ရသေ့တောင် မြို့နယ်အတွင်း အောက်ပါအတိုင်း နေရာချထားပေးကာ စားနပ်ရိက္ခများ၊ ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်-

(က) မေယုခန်းမ (၅၀၆) ဦး
(ခ) အလိုတော်ပြည့်ကျောင်းတိုက် (၂၆၇) ဦး
စုစုပေါင်း ကျား/မ၊ ကလေး/လူကြီး (၇၇၃)ဦး
(နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်း ရေးသားဖော်ပြထားသည်။)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။