Monday, June 11, 2012

မူဆယ်မြို့မှာ ပေါက်ကွဲမှု ဆက်တိုက်ဖြစ်

မူဆယ်မြို့မှာ ပေါက်ကွဲမှု ဆက်တိုက်ဖြစ်
2012-06-10
တရုတ်မြန်မာ နယ်စပ်မြို့ မူဆယ်မြို့မှာ စနေနေ့ည သန်းခေါင်အချိန်က ဗုံး ၅ လုံးထက်မနည်း ဆက်တိုက် ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။ ဗုံးများ ပေါက်ကွဲတဲ့ ပုံစံအရ ချိန်ကိုက်ဗုံးများ ဖြစ်နိုင်တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
ဗုံးကွဲချိန်ဟာ ညသန်းခေါင်အချိန် ဖြစ်တာမို့ အိပ်မောကျနေသူများပြီး တချို့က ပေါက်ကွဲသံ ၆ချက်ကြားရတယ်လို့ ပြောပါတယ်။ မူဆယ်မြို့ခံတဦးက အခုလိုပြောပါတယ်။

"မနေ့ည ၁၂ နာရီဝန်းကျင် ဆက်တိုက်ပေါက်တာလေ။ ရဲကင်းရှေ့ရယ်၊ ကွင်းနောက်ကျောရယ်၊ မူဆယ် ငွေလှိုင်းလက္ဘ်ရည်ဆိုင်ရှေ့နား စတဲ့နေရာတွေမှာ ၆ လုံးလောက်ပေါက်တယ်။"

ဒီဗုံးကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူ တာဝန်ရှိတယ် ဆိုတာတော့ မသိရသေးဘူးလို့ မူဆယ်မြို့ခံတွေ ကပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်း လားရှိုး-မူဆယ် ကားလမ်းကို KIA တပ်တွေက ယဉ်သွားလာခွင့်ပိတ်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဗုံးကွဲခဲ့တာ ဖြစ်ပါတယ်။ မူဆယ်မြို့မှာ ၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသမှာ အစိုးရတပ်တွေက ၀င်ရောက်သိမ်းပိုက်စဉ် မူဆယ်မြို့ ရဲကင်းစခန်းတခု အနီး ညသန်းခေါင် အချိန်မှာ အခုလို ဗုံးကွဲဆက်တိုက်ကွဲတာမျိုး ဖြစ်ခဲ့ဘူးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။