Sunday, April 22, 2012

နှစ်သိန်းဂျီးအက်စ်အမ်ကဒ်များနှင့်အတူ WCDMA Sim Card များပါ ၀ယ်ယူနိုင်

နှစ်သိန်းဂျီးအက်စ်အမ်ကဒ်များနှင့်အတူ WCDMA Sim Card များပါ ၀ယ်ယူနိုင်




သင်္ကြန်ကာလအတွင်း ရောင်းချမှု ရပ်နားထားသည့် ကျပ်နှစ်သိန်းတန် GSM Sim Card များအား ဧပြီလ(၂၁)ရက်တွင် ရောင်းချမည်ဖြစ်သလို၊ ဧပြီလ (၂၃)ရက်နေ့တွင် ထွက်ရှိမည့် WCDMA Sim Card များကိုလည်း E-liteကုမ္ပဏီမှ အဆိုပါနေ့မှာပင် စတင်ရောင်းချသွားမည်ဖြစ်သည်။
ကျပ်နှစ်သိန်းခွဲ တန် ရန်ကုန် WCDMA Sim Card တစ်နိုင်ငံ လုံးကို သယ်ဆောင် ပြီး ပြော ဆို ဆက်သွယ်နိုင်ကြောင်းသိရသည်။ ကျပ်နှစ်သိန်းခွဲတန် WCDMA Sim Card တွေဟာ ၀၉-၄၅၀ နဲ့စပြီး ဂဏန်း ၉ လုံးပါရှိကြေင်းသိရသည်။

ဧပြီ(၂၃)တွင် ရန်ကုန်တိုင်းဒေသကြီးတွင်ထွက်ရှိမည့် အဆိုပါဖုန်းကဒ်များကို ပထအဆင့်အနေဖြင့် လိုင်းငါးသောင်းအား တစ်ကဒ်လျှင်ကျပ် နှစ်သိန်းငါးသောင်းနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း Call Center က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရောင်းချပေး ရာမှာလည်း ကျပ် နှစ်သိန်းငါးသောင်း နဲ့ ရောင်းချပေးသွားမှာဖြစ်တယ်။ ပထမနှစ်ရဲ့ ပထမ အဆင့်အနေနဲ့ လိုင်းငါးသောင်း ၀န်းကျင်ကို စတင်ရောင်းချပေးသွားမှာ ဖြစ်တယ်။” ဟု အဆိုပါ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။ သင်္ကြန်ကာလရုံးပိတ်ရက် မတိုင်မီက Elite Teach နှင့် ရတနာပုံ တယ်လီပို့စ်တို့မှ ဂျီးအက်စ်အမ် လိုင်းပေါင်း တစ်သိန်းဝန်းကျင်ခန့် ရောင်းချထားပြီးဖြစ်သည်။

ထွက်ရှိလာသည့် နှစ်သိန်းတန်ဂျီအက်စ်အမ်ဖုန်းကဒ်များမှာ ပြင်ပဈေးကွက်တွင် ကျပ်နှစ်သိန်းတစ်သောင်းမှ နှစ်သိန်းငါးသောင်းအထိ ဈေးနှုန်းမြှင့်တင်ရောင်းချလျက်ရှိကြောင်း ဖုန်းကဒ်ဝယ်ယူသုံးစွဲသူများက ဆိုသည်။

“မိုဘိုင်းလ်အရောင်းဆိုင်တွေမှာ ၀ယ်လိုအားများတော့ ကျပ်နှစ်သိန်းတန်ဖုန်းကို ကျပ်တစ်သောင်းကနေ ငါးသောင်းဝန်းကျင်အထိ ဈေးပိုယူ ရောင်းချနေကြတယ်” ဟု ဂျီအက်စ်အမ်ဖုန်းကဒ်ဝယ်ယူသူတစ်ဦးက ပြောသည်။

  ဥာဏ်ဥာဏ်(မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။