လှည်းတန်းခုံးကျော်တံတားအတွက် ပြည်လမ်း ဘေးနှစ်ဘက်ထပ်မံတိုးချဲ့နေ၊ ဇွန်လတွင်အပြီးသတ်သွားမည်
၂၀၁၂
ခုနှစ် သင်္ကြန်ကာလတွင် ခေတ္တရပ်နားထားသော လှည်းတန်းခုံးကျော်တံတားတည်ဆောက်မှု
လုပ်ငန်းသည် နှစ်ဆန်းတစ်ရက်နေ့မှစ၍ ပုံမှန်ပြန်လည်
လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတည်ဆောက်မှုတွင်
ပြည်လမ်းလမ်းဘေးဝဲယာကိုချဲ့ထွင်လျက်ရှိပြီး AGD ဘဏ်ရှိရာဘက်သို့ (၅) ပေ၊
ရန်ကုန်တက္ကသိုလ်စိန်ရတု အဆောက်အဦးဘက်သို့ ပေ (၂၀)
ထပ်မံချဲ့ထွင်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ချဲ့ထွင်ရာတွင်
အစောဆုံးအနေဖြင့် မေလကုန်ပိုင်းနှင့် ဇွန်လတွင် အပြီးသတ်လုပ်ကိုင်သွားမည်
ဖြစ်ကြောင်း ခုံးကျော်တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်က တာဝန်ရှိသူတစ်ဦးရဲ့
ပြောကြားချက်အရ သိရှိရသည်။
“အစောဆုံးအနေနဲ့
မေလကုန်ပိုင်းနဲ့ ဇွန်လလောက်မှာ အပြီးသတ်လုပ်ကိုင်သွားမှာပါ။
ဒီဇိုင်းတွေလည်း ရေးဆွဲပြီးသွားပါပြီ”ဟု ၄င်းကပြောသည်။
လှည်းတန်းခုံးကျော်တံတား
အကောင်အထည်ဖော်ရန်အတွက် အကြိုဆောက်လုပ်မှုများ ပြီးစီးမှသာ
ဆောက်လုပ်မည်ဖြစ်ကြောင်းနှင့် ခုံးကျော်တံတား
တည်ဆောက်ရေးစီမံကိန်းများအတွက်ကိုလည်း
ဒီဇိုင်းရေးဆွဲထားပြီးဖြစ်ကြောင်းကိုလည်း သိရှိရသည်။
အဆိုပါ
လှည်းတန်းခုံးကျော်တံတားတည်ဆောက်မှု လုပ်ငန်းကို ၂၀၁၂ ခုနှစ် မတ်လ (၁၁)
ရက်နေ့မှ စတင် လုပ်ကိုင်လျက်ရှိပြီး သင်္ကြန်ကာလတွင် ခေတ္တရပ်နားထားကာ
နှစ်ဆန်းတစ်ရက်နေ့တွင် ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

ထွန်းနေအောင်(မြစ်မခ)
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။