Sunday, April 22, 2012

မ​ကွေး​ ​ရေနံတွင်း​များ​တွင် ကုမ္ပဏီတခု ​ရေနံစိမ်း​ ​ဈေး​နှိမ်ဝယ်ယူ​နေ

မ​ကွေး​ ​ရေနံတွင်း​များ​တွင် ကုမ္ပဏီတခု ​ရေနံစိမ်း​ ​ဈေး​နှိမ်ဝယ်ယူ​နေ
မ​ကွေး​တိုင်း​ဒေသကြီး​ ပခုက္ကူခရိုင် မြိုင်မြို့​နယ်က လက်တူး​ရေနံတွင်း​က​နေ ​ရေနံစိမ်း​တွေ ဝယ်ယူခွင့်​ရထား
 တဲ့​ ကုမ္ပဏီတခုက ​ရေနံတွင်း​တူး​သမား​တွေဆီက​နေ ​ပေါက်​ဈေး​အတိုင်း​မ​ပေး​ဘဲ ​ရေနံစိမ်း​တွေ ​ဈေး​နှိမ်ဝယ်ယူ​နေပါတယ်။

မြိုင်မြို့​နယ် ​ကျောက်ခွက် ​ရေနံ​မှော်က​နေ လက်တူး​ရေနံစိမ်း​တွေကို ချမ်း​မြေ့​သာ​အောင် ကုမ္ပဏီက​နေ ​ရေနံစိမ်း​ ၁ စည်ကို ပြင်ပ​ပေါက်​ဈေး​ထက် ၁ ​သောင်း​ခွဲ ​ဈေး​နိမ့်​ဝယ်လို့​ လက်တူး​ရေနံတွင်း​သမား​တွေ တွက်​ခြေမကိုက်ဘဲ အခက်​တွေ့​နေရတယ်လို့​ လက်တူး​သမား​တဦး​က ​ပြောပါတယ်။

“ဒီမှာက ​လော​လောဆယ် ဆီ​ဈေး​ကလည်း​ ​တော်​တော်​လေး​ နှိမ်ထား​တယ်​လေ၊​ ​နောက်တခါ ဆီကျ​တော့​လည်း​ အ​ကြွေး​ဝယ်တာ​ပေါ့​။ အ​ကြွေး​ဝယ်​တော့​ ကျ​နော်တို့​ ကျင်း​သူကျင်း​သား​တွေမှာ ​ငွေ​ကြေး​ပိုင်း​ကျ​တော့​ ​တော်​တော်​လေး​ အခက်အခဲ ရှိတာ​ပေါ့​။ အဲဒါနဲ့​ အခု ​ဒေသဖွံ့​ဖြိုး​ရေး​ အပိုင်း​တွေကျ​တော့​လည်း​ အခုအချိန်ထိ သိပ်လုပ်​ပေး​ထား​တာ ဘာမှ မရှိဘူး​လေ။”

မ​ကွေး​တိုင်း​ဒေသကြီး​မှာ အ​ခြေစိုက်တဲ့​ ချမ်း​မြေ့​သာ​အောင် ကုမ္ပဏီဟာ ​ကျောက်ခွက် ​ရေနံ​မှော်က ထွက်သမ်ွ ​ရေနံစိမ်း​တွေကို ဝယ်ယူခွင့်​ရထား​ပြီး​တော့​ ​ရေနံတူး​သမား​တွေက တခြား​မှာ သွား​ရောင်း​ခွင့်​မရှိဘဲ ​ရောင်း​ရင် အ​ရေး​ယူခံရမယ်လို့​ ဆိုပါတယ်။

ရေနံစိမ်း​ ၁ စည် ပြင်ပ​ပေါက်​ဈေး​မှာ ၉ ​သောင်း​ပေး​ဝယ်​နေပါတယ်။ လက်တူး​ရေနံတွင်း​သမား​တွေဟာ ချမ်း​မြေ့​သာ ​အောင်ကုမ္ပဏီကို ​ရေနံစိမ်း​ ​ဈေး​ကို ၁ စည် ကျပ်​ငွေ ၇ ​သောင်း​ခွဲက​နေ တိုး​မြှင့်​ပေး​ဖို့​ ​တောင်း​ဆိုခဲ့​ပေမယ် ကုမ္ပဏီဘက်က​နေ ခြိမ်း​ခြောက် ​ပြောဆိုခဲ့​တယ်လို့​ အဆိုပါ လက်တူး​သမား​က ခုလို ​ပြောပါတယ်။

“အဲဒီလို ​တောင်း​ဆို​တော့​လည်း​ သူတို့​က ဒီကျင်း​တွေကို ပိတ်ပစ်လိုက်ရမလား​၊​ သိမ်း​ပစ်လိုက်ရမလား​၊​ ဘူဒိုဇာနဲ့​ ထိုး​ပစ်လိုက်ရမလား​ဆို​တော့​ ကျ​နော်တို့​မှာလည်း​ ​တော်​တော်​လေး​ အခက်ကျတာ​ပေါ့​နော်။”

ပခုက္ကူခရိုင် မြိုင်မြို့​နယ်ထဲက ​ကျောက်ခွက် ​ရေနံ​မှော်မှာ လက်တူး​ ​ရေနံတွင်း​ပေါင်း​ ၄ ​ထောင်​လောက် ရှိ​နေပါတယ်။

by မင်းလွင် (ဒီဗွီဘီ)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။