ရွှေဈေးကျဆင်းသော်လည်း အရောင်းအ၀ယ် တက်လာခြင်းမရှိ
သင်္ကြန်ပြီးကာလတွင် ပြည်တွင်း၌ ရွှေဈေးကျဆင်းနေသော်လည်း ၀ယ်ယူစုဆောင်းသူဦးရေ ပြောင်းလဲသွားခြင်းမရှိဘဲ ပုံမှန်အတိုင်းအရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း ရွှေဆိုင်များက သိရသည်။

သင်္ကြန်ပြီးကာလတွင် ပြည်တွင်း၌ ရွှေဈေးကျဆင်းနေသော်လည်း ၀ယ်ယူစုဆောင်းသူဦးရေ ပြောင်းလဲသွားခြင်းမရှိဘဲ ပုံမှန်အတိုင်းအရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း ရွှေဆိုင်များက သိရသည်။
ဧပြီလဆန်းပိုင်းမှစတင်၍ကမ္ဘာ့ရွှေဈေးကျဆင်းလာမှုနှင့်အတူ
မြန်မာနိုင်ငံရွှေဈေးပါကျ ဆင်းလာ ကြောင်းနှင့်လက်ရှိအချိန်တွင်
ပြည်တွင်း၌၀ယ်ယူစုဆောင်းသူဦးရေမှာ သိသာစွာ ပြောင်းလဲမှုမရှိကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။
“မြန်မာနိုင်ငံရွှေဈေးကျတာက
ကမ္ဘာ့ရွှေဈေးကျတာကြောင့်လည်းပါမယ် ၊ ပြီးတော့ ဒေါ်လာဈေး ကျတာကြောင့်လည်း
ပါပါလိမ့်မယ်။ အခုထိတော့ရွှေလာဝယ်တဲ့လူတွေကပုံမှန်အတိုင်းပဲရှိပါတယ်။” ဟု
တိတ်စိန်ရွှေဆိုင်မှ ကိုဇော်အောင်ကပြောသည်။
ယခုအပတ်တွင်
ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၃၈.၁၀ ရှိပြီး ၊
မြန်မာ့ရွှေ ဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၇၂၀၀၀၀
ကျပ်ဝန်းကျင်နှင့် ၊ ၁၅ ပဲရည် တစ်ကျပ် သားလျှင်ကျပ် ၆၆၀၀၀၀ ကျပ်
ဝန်းကျင်ရှိကြောင်းသိရသည်။
သင်္ကြန်မတိုင်ခင်မီ
ကာလတွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၆၇၇ ဒေါ်လာရှိခဲ့ပြီး မြန်မာ့ရွှေ
ဈေးနှုန်းမှာ အခေါက်ရွှေ
တစ်ကျပ်သားလျှင်၇၂၆၅၀၀ကျပ်နှင့်၁၅ပဲရည်တစ်ကျပ်သားလျှင်၆၈၂၀၀၀
ကျပ်ရှိခဲ့ကြောင်း သိရှိရသည်။
ကျပ်ရှိခဲ့ကြောင်း သိရှိရသည်။
“ရွှေဈေးကတော့
သင်္ကြန်မတိုင်ခင်ကထက်စာရင်ကျနေတယ် ။ ဒါပေမဲ့ လာဝယ်တဲ့လူတွေ
ကတော့ပုံမှန်ပါပဲ။” ဟု တာလီရွှေစိန်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကမ္ဘာ့ရွှေဈေးမှာ
၁၅ ရက်ကျော်အတွင်းတွင် ၃၈ ဒေါ်လာခန့် ဈေးကျခဲ့ပြီး မြန်မာရွှေဈေးမှာ ၁၅
ကျော်အတွင်း အခေါက်ရွှေမှာ ကျပ် ၅၀၀၀ ကျော်ခန့်ကျဆင်းခဲ့ပြီး ၁၅ ပဲရည်မှာ
ကျပ် ၂၀၀၀၀ ၀န်းကျင်ခန့်ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
ကောင်းမြတ်ဖြိုး(မြစ်မခ)
by Myit Makha Mediagroup
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။