Sunday, April 22, 2012

ဈေးကွက်စီးပွားရေးစနစ်အတွက် ပြင်ဆင်ရန် ဥပဒေများရှိနေသေးကြောင်း ဝေဖန်မှုများရှိ

ဈေးကွက်စီးပွားရေးစနစ်အတွက် ပြင်ဆင်ရန် ဥပဒေများရှိနေသေးကြောင်း ဝေဖန်မှုများရှိ















ပြည်ပနိုင်ငံများကစီးပွားရေးပိတ်ဆို့မှုအချို့ လျော့ချလိုက်သော်လည်း မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးဆိုင်ရာ  ပြင်ဆင်ရမည့် ဥပဒေများ ရှိနေသေးကြောင်း စီးပွားရေးပညာရှင်နှင့် ဥပဒေပညာရှင်များကသုံးသပ်ပြောဆိုသည်။
ဒီမိုကရေစီ နိုင်ငံနှင့်လိုက်လျောညီထွေမှု ရှိသော ဈေးကွက်စီးပွားရေးဆိုင်ရာ ဥပဒေများတွင် ပြည်ပမှ ရင်းနှီးမြှပ်နှံမှုများအတွက် ပြင်ဆင်ရန် ဥပဒေများစွာ လိုအပ်နေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိုလည်း မထိခိုက်အောင် ထည့်သွင်းစဉ်းစားသင့်ကြောင်း မြန်မာ့စီးပွားရေးပညာရှင်တစ်ဦးကဆိုသည်။
 “ကိုယ့်ဘက်က ဘာမှအဆင်သင့်မဖြစ်ရင် ပတ်ဝန်းကျင်ကိုလဲ ထိခိုက်နိုင်တယ်။ ဒေသခံပြည်သူပြည်သားတွေ ကိုလည်း အကျိုးမရှိပဲ၊ သူတို့ပဲ အကျိုးရှိတဲ့ဟာတွေ အများကြီးဖြစ်နိုင်တယ်။” ဟု ခင်မောင်ညို (ဘောဂဗေဒ)က ပြောသည်။
ယခုကျင့်သုံးနေသောဥပဒေသည် ဆိုရှယ်လစ်စနစ်တွင်ပြဌာန်းခဲ့သော ဥပဒေစည်းမျဉ်းစည်းကမ်းများဖြစ်ကြောင်းဒီမိုကရေစီစနစ်ကို ပြောင်းမည်ဆိုပါက အဆိုပါဥပဒေကို ပြင်ဆင်ရန်လိုအပ်နေကြောင်းဤကဲ့သို့ပြင်ဆင်ခြင်းမရှိပါက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလဲ ထိခိုက်နိုင်ကြောင်း ဦးခင်မောင်ညို(ဘောဂဗေ)က ပြောသည်။
“ ကုန်သွယ်ခ အာမခံကြေး ကုန်တန်ဆာခ ဒီသုံးမျိုးလုံးအတွက် ဥပဒေက အာမခံနိုင်မှဒီမှာရှိတဲ့ဒါမှလာရင်းနှီးမြှပ်နှံတဲ့သူလဲ နိုင်ငံတကာကိုပို့တဲ့အခါမှာ သူလဲနိုင်ငံတကာပေါက်ဈေအတိုင်းလုပ်နိုင်တယ် ပေါက်ဈေးတိုင်းလုပ်နိုင်မှ လိုင်စင်မှာလဲ လျှော့တဲ့ကိစ္စတွေလျောမယ်” ဟု ဥပဒေပညာရှင် ကိုဖိုးဖြူက ပြောသည်။
နိုင်ငံခြားသားတွနဲ့ ကုန်သွယ်မဲ့အစီအမံဥပဒေတွေကို ကာကွယ်နိုင်တဲ့ဥပဒေလိုအပ်ကြောင်း ကုန်သွယ်လိုင်စင်မှာ ကုန်သွယ်ရင်းနှီးမြှပ်နှံမှုကို ကာကွယ်နိုင်တဲ့ ဥပဒေ ပတ်ဝန်းကျင် မရှိသေးကြောင်း ငွေကြေးကွာဟမှုဖောင်းပွနေခြင်းကိုလဲ ပြင်ဆင်ရန်လိုအပ်နေသေးကြောင်း ဥပဒေပညာရှင် ကိုဖိုးဖြူက ပြောသည်။
 နိုင်ငံခြားကုန်သွယ်မှုဘဏ်များလဲ လိုအပ်သေးကြောင်း ရင်းနှီးမြှပ်နှံမှုအတွက်တည်ငြိမ်တဲ့ ဥပဒေမရှိသေးကြောင်း အာမခံကိစ္စမတည်ငြိမ်သေးကြောင်း အဆိုပါ ဥပဒေမျိုးပြဌာန်းနိုင်မှ မိမိတို့တိုင်းပြည်အတွက်အကျိုးရှိနိုင်ကြောင်း ဥပဒေပညာရှင် ကိုဖိုးဖြူက ပြောသည်။
“အခြေခံလူတန်းစားတွေကို ကာကွယ်ပေးတဲ့ဥပဒေတွေကိုပြဌာန်းဖို့လိုမယ် ဒါမှမဟုတ်ရင် အစိုးရနဲ့နီးစပ်တဲ့ လူမျိုးတွေပဲ လုပ်ပိုင်ခွင့်ရပြီး အခြေခံလူတန်းစားတွေ ဘာအခွင့်အရေးမှ မရဘူးဖြစ်သွားနိုင်တယ်”ဟု ဥပဒေပညာရှင် ကိုဖိုးဖြူကပြောသည်။
နိုင်ငံရေးလွတ်လပ်ခွင့်အတွက် အခိုင်အမာပြဌာန်းနိုင်သည့် ဥပဒေလိုအပ်ကြောင်း တရားမဲ့လယ်ယာမြေလက် လွှတ်ဆုံးရှုံးခံရတဲ့ လယ်သမားများအတွက်ပြန်လည်ခံခွဲပေးရေးဆိုင်ရာ ဥပဒေပြဌာန်းပေးရန်လိုအပ်ကြောင်း ကိုလည်း ၄င်းက ဆိုသည်။
သြစတြေးလျနိုင်ငံနှင့် နော်ဝေးနိုင်ငံများက မြန်မာနိုင်ငံအပေါ်အရေးယူထားသည့် စီးပွားရေးပိတ်ဆို့မှုများကို လျော့ချမည်ဖြစ်ကြောင်းသိရှိရသည်။
သြစတြေးလျနိုင်ငံက ဧပြီ (၁၅)ရက်နေ့တွင် ငွေကြေးနှင့် ခရီးသွားလာရေးဆိုင်ရာလုပ်ငန်းရုပ်သိမ်းခွင့်ကို လျော့ချခွင့်ပြုမည်ဖြစ်ပြီး လက်နက်ရောင်းချမှုကိုဆက်လက်ပိတ်ပင်သွားမည်ဖြစ်ကြောင်းနှင့် နော်ဝေး နိုင်ငံကလည်း ဧပြီ ၁၅ ရက်နေ့တွင် စီးပွားရေးပိတ်ဆို့ရုပ်သိမ်းသော်လည်း လက်နက်ရောင်းချမှုကို ဆက်လက် ပိတ်ပင်ထားမည်ဖြစ်ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်ကန့်သတ်ထားမည်ဖြစ်ကြောင်း ၄င်းနိုင်ငံများက ထုတ်ပြန်ထားသည်။
အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများက ၁၉၉၆ က စတင်ကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု များ အပါအ၀င် အရေးယူ တားဆီးမှုများ ပြုလုပ်ခဲ့သည်။
“နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ လာဖို့အတွက် ဥပဒေတွေ ခိုင်မာတဲ့အထိပြင်ဆင်ထားဖို့ အားနည်းသေး နေသေး တယ်’’ ဟု လှည်းကူးမြို့နယ် NLDပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။


 ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup 
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။