Sunday, April 22, 2012

နံပါတ်လဲလှယ်မှုနားထား၍ ကားဈေးကွက်အေးစက်

နံပါတ်လဲလှယ်မှုနားထား၍ ကားဈေးကွက်အေးစက်




ရန်ကုန်မြို့ဟံသာဝတီကားဝင်းတွင်အရောင်းအ၀ယ်ဈေးကွက် အေးစက်လျက်ရှိကြောင်း ကားပွဲစားများထံက သိရှိရသည်။

သင်္ကြန်မတိုင်မီအချိန်တွင်  ကားများအရောင်းအ၀ယ်ကျဆင်းလျှက်ရှိရာ သင်္ကြန်ပြီးကာလတွင်မူ ထူးခြားမှု မရှိသေးကြောင်း အပ်ကား(ကားနံပါတ်လဲလည်မှုများကိုလည်း)ရပ်နားထား၍ ကားအရောင်းအ၀ယ် အေးစက် နေကြောင်းကားပွဲစားများက ပြောဆိုလျက်ရှိသည်။

“အပ်ကားတွေက (ဓ) အက္ခရာထိပြီးသွားပြီ (န၊ပ) နဲ့ကိုခဏနားထားတယ်၊ အဲဒါကြောင့် အရောင်းအ၀ယ် အေးတာပါတယ်။ အခုထိတော့ဘာမှ ထူးထူးခြားခြားမရှိသေးဘူး။” ဟု ကားပွဲစားတစ်ဦးဖြစ်သူ ကိုဇော်ဇော်က
ပြောသည်။
ယခင် အပ်ကားများသည် ပိုမိုအရောင်းအ၀ယ်သွက်လျက်ရှိပြီး ယခုအပ်ကားများရပ်နား၍ ကားအရောင်း အ၀ယ်အေးနေကြောင်း ကိုဇော်ဇော်က ဆက်ပြောသည်။
“အရောင်းအ၀ယ်တွေက သင်္ကြန်မတိုင်ခင်ထဲက အေးနေတာ အခုကသင်္ကြန်ပြီးတာ နှစ်ရက် သုံးရက်လောက်ပဲ ရှိသေးတော့ အရောင်းအ၀ယ်ကဘာမှ ထူးခြားတာမရှိသေးဘူး။” ဟု ဟံသာဝတီကားရောင်းဝယ်ရေးစခန်းက ကားပွဲစားတစ်ဦးဖြစ်သူ ကိုမြမောင်က ပြောသည်။

ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။