
တာမွေယာယီဈေး ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ စီမံကိန်းပါ အစီအစဉ်များကို
ဈေးသူဈေးသားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်
ဂမုန်းပွင့် ကုမ္ပဏီ လီမိတက်တို့ ဖြေရှင်းညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်ရန်
ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တော်ဝန်ထံသို့
အကြောင်းကြားထားကြောင်း သိရသည်။
“၀န်ကြီးချုပ်ကနေ မြို့တော်ဝန်ဆီကို ညှိနှိုင်းဆောင်ရွက်ဖို့
အကြောင်းကြားစာ ပေးပို့ထားတယ်လို့ တာမွေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်လဲ့လဲ့ဝင်းဆွေဆီက သိရပါတယ်။ အကြောင်းကြားစာအရဆိုရင် အဆင့်မြင့်ဈေးကို
ဒီနေရာမှာပဲ တည်ဆောက်ဖို့၊ ဈေးသည်တွေ တာမွေအခွန်လွတ်ဈေးနား
မပြောင်းဖို့စတဲ့ ဈေးသူဈေးသားတွေရဲ့ဆန္ဒကို ၀န်ကြီးချုပ်က သဘောတူပြီး၊
စီမံကိန်းပါ အစီအစဉ်တွေကို ဈေးသူ ဈေးသားတွေ၊ ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီနဲ့ ဂမုန်းပွင့် ကုမ္ပဏီလီမိတက်တို့ အကောင်းဆုံး
ညှိနှိုင်းဖြေရှင်းပြီး ဆက်လက်ဆောင်ရွက်သွားဖို့ တင်ပြမှုကိုသဘောတူကြောင်း
အကြောင်းကြားပါတယ်လို့ ၀န်ကြီးချုပ်ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး
ဦးထွန်းနိုင်လင်းက လက်မှတ်ထိုးထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ
ဈေးရုံးမှာ ကျိုက္ကဆံလမ်းကြားနဲ့ မာလာနွယ် လမ်းကြားမှာ ဆောက်မယ့် တာမွေ
အဆင့်မြင့်နှစ်ထပ်ဈေး နမူနာပုံစံကို မဖြုတ်သေးပါဘူး။
ဈေးသူဈေးသားတွေအနေနဲ့ သို့လောသို့လောတွေ ဖြစ်နေကြပါတယ်”ဟု
တာမွေယာယီဈေးမှ ဦးကြည်မြင့်က ပြောပါသည်။
“အောက်ခြေ၀န်ထမ်းတွေက အရင်က အတိုင်းပဲ ဘာမှမပြောင်းလဲသေးဘူး။
အရင်တာမွေဈေးဟောင်းကိုလည်း တာမွေပလာဇာ အဖြစ် ပြောင်းလဲဆောက်လုပ်ခဲ့တဲ့
အတွက် မူလနေရာကို ဆုံးရှုံးခဲ့ပြီးပါပြီ။ တာမွေပလာဇာမှာ ဆိုင်ခန်းတွေကို
လေးပုံတစ်ပုံပဲပေးခဲ့တယ်။ ဒါကြောင့် ဒီဈေးဆောက်ပြီးရင်လည်း အရင်ကလို
မတရားသဖြင့် နေရာချထားပေးတာမျိုး မဟုတ်ဘဲ ဈေးသူဈေးသားတွေကို ပြန်လည်
နေရာချထားပေးသင့်တယ်”ဟု ယာယီဈေးမှ ဈေးသည်တစ်ဦးက ပြောပါသည်။ |
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။