ဒဂုံဆိပ်ကမ်းမြို့နယ်တွင် H.C.H.P (အခမဲ့)ဆေးခန်း ဖွင့်ပွဲ

Health Care for Helpless Patients (H.C.H.P) ကျန်းမာရေးကွန်ယက်အောက်ရှိ ဆင်းရဲချို့တဲ့အကူအညီမဲ့ နာမကျန်းသူများအား ကူညီစောင့်ရှောက်သူများမှ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၇) ရပ်ကွက်တွင် (အခမဲ့)ဆေးခန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၀း၀၀ အချိန်တွင်
ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆေးခန်းဖွင့်ပွဲသို့ ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ ကိုညီညီ (BG သွေးကူညီပေးရေး)၊ ဦးကြည်လင်း (NLD) တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။