Monday, June 25, 2012

မကွေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မြောင်းရေလျံစဉ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

မကွေးမြို့တွင် ဇွန်လ(၁၆)ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်း၍ မြောင်းများ ရေလျံခဲ့ပြီး အောင်ဇေယျာရပ်ကွက်၊ မြို့ပတ်လမ်း၊ မြင့်မိုရ်စံဟိုတယ်ရှေ့ ရေမြောင်းထဲသို့ ကလေးငယ်တစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
ထိုကလေးငယ်မှာ မကွေးမြို့နယ်၊ အောင်ဇေယျာရပ်ကွက်၊ (၅) လမ်းနေ ဦးခင်မောင်ဝင်း၏သား မောင်တင်ဖြိုးဝေ၊ အသက်(၁၀)နှစ် ဖြစ်ကြောင်း၊ အဆိုပါရေမြောင်းအတွင်း ရေလျံနေစဉ် မျောပါလာသော ပစ္စည်းများကို ဆယ်ယူရာမှ မြောင်းထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင် ပြုတ်ကျခဲ့ပြီး ရှာဖွေခဲ့ရာ ည ၉ နာရီခန့်တွင် မြို့ပတ်လမ်းရှိ Love Garden စားသောက်ဆိုင်ရှေ့ ရေမြောင်းအတွင်း တိုင်လုံးများ အကြားတွင် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကွေးမြို့ပေါ်ရှိ အ.ထ.က ၁ လမ်းနှင့် မေတ္တာလမ်းထောင့်၊ မေတ္တာလမ်း၊ ဆေးရုံလမ်းထောင့်အနီးနှင့် အဝေးပြေးဂိတ် အနောက်ဘက်လမ်းမတို့တွင် မြောင်းများ ရေလျံခဲ့ကြောင်း သိရသည်။ အဆိုပါအမှုကို မကွေးမြို့၊ အမှတ်(၂)ရဲစခန်းမှ သေမှုသေခင်း အမှတ် ၆/၂၀၁၂ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။