Monday, June 25, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံကြိုဆို

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ဗြိတိန်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၁ ရက် နေ့က ထောက်ခံကြိုဆိုခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရ သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်နှင့် လန်ဒန်မြို့တွင် ဇွန်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့်ပူးတွဲ သတင်းစာရှင်း လင်းပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဗြိတိန်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ဘာလို့လဲဆိုတော့ ကျွန်မတို့အနေနဲ့ အတိတ်ရဲ့အချုပ်အနှောင်ကို မခံလိုတဲ့အတွက်ကြောင့်ပါ။ နောက်ပြီး ပိုပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ အနာဂတ်ကို တည်ထောင်လိုတဲ့အတွက် အတိတ်ကိုကျွန်မတို့ အသုံးချချင်ပါတယ်
“သမ္မတ ဦးသိန်းစိန်ကို ဖိတ်တာ မှန်တယ်လို့ ကျွန်မထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့အနေနဲ့ အတိတ်ရဲ့အချုပ်အနှောင်ကို မခံလိုတဲ့အတွက်ကြောင့်ပါ။ နောက်ပြီး ပိုပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ အနာဂတ်ကို တည်ထောင်လိုတဲ့အတွက် အတိတ်ကိုကျွန်မတို့ အသုံးချချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ဧပြီလက ၀န်ကြီးချုပ် မြန်မာနိုင်ငံမှာ ရှိတုန်းက သူတို့တွေ စတင် ဆွေးနွေးခဲ့တာတွေကို ဆက်လက် ဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန် လာမယ့်လတွေမှာ ယူကေကို လာလည် ဖို့ ရှိပါတယ်”ဟု ၀န်ကြီးချုပ် ဒေး ဗစ်ကင်မရွန်၏ ပြောရေးဆိုခွင့်ရှိသူ က ဇွန်လ ၂၁ ရက်နေ့ အစောပိုင်း က ပြောကြားခဲ့သည်။
“ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက် တစ်ခုပါ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အကောင်အထည်ဖော် နေတာရှိပါတယ်။ ဒီလုပ်ငန်းစဉ် အောင်မြင်တာကို ဗြိတိန်အပါအ၀င် မိတ်ဆွေနိုင်ငံတွေက မြင်တွေ့လိုပါတယ်။ ဒီလုပ်ငန်းစဉ် အောင်မြင်ဖို့ အတွက် ကျွန်တော်တို့အနေနဲ့ အတိတ်ကာလက ဘယ်လိုပဲ သဘော ထားခဲ့သည်ဖြစ်စေ မြန်မာနိုင်ငံအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါ တယ်”ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်သည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က တစ်ရက်ကြာခရီး လာရောက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နေ ပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ သီးခြားစီ တွေ့ဆုံဆွေးနွေးပြီး နောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့ထားမှုများအနက် အချို့ကို ဆိုင်းငံ့သင့် ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။