Monday, June 25, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပ မြန်မာ့ သတင်းဌာနတို့ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပ မြန်မာ့ သတင်းဌာနတို့ တွေ့ဆုံ
အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လန်ဒန်ရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ အခမ်းအနားကို လန်ဒန်မှာရှိတဲ့ Royal Festival Hall မှာ
၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၀း၀၀ နာရီကနေ ၁၂း၀၀ နာရီ အထိ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာ မိသားစုများကို ၁၅ မိနစ်
 ကြာ မိန့်ခွန်း ပြောကြားခဲ့ပြီး မြန်မာ မိသားစုများမှ မေးမြန်းမှုများကို ပြန်လည် ဖြေကြား ခဲ့ပါတယ်။ ၎င်းအခမ်းအနား အတွင်းမှာပဲ ပွဲကို သတင်း တက်ရောက်ယူခဲ့တဲ့
မြန်မာ့ မီဒီယာတွေနဲ့ သီးခြား တွေ့ဆုံခဲ့ပြီး ဘားမား ဗွီဂျေ မီဒီယာနက်ဝက်၊ ဘီဘီစီ၊ ဗီအိုအေ၊ အာရ်အက်ဖ်အေ၊ ဒီဗီဘီတို့ကို မေးခွန်းတခုစီ မေးမြန်းခွင့် ပေးခဲ့ပါတယ်။
မေးမြန်းခွင့်ရခဲ့တဲ့ သတင်းဌာနတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ် အတွေ့အကြုံ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ရှေ့ဆက်မဲ့
လမ်းစဉ်တွေကို အဓိကထား မေးမြန်း ခဲ့ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။