Monday, June 25, 2012

 ကော့သောင်းမှ ရန်ကုန်သို့ ထွက်ခွာလာသော ကုန်တင်သင်္ဘောတစ်စင်း ရာသီဥတု ဆိုးရွားမှုကြောင့် ဆင်ကျွန်းအနီးတွင် နစ်မြုပ်သွားကြောင်းသိရ

ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်သံခွံသင်္ဘောတစ်စင်း ရာသီဥတုဆိုးရွားမှုကြောင့် ဆင်ကျွန်းအနီးတွင် နစ်မြုပ်သွားကြောင်း သိရသည်။
ကော့သောင်းမြို့မှ စားသောက်ကုန်များ တင်ဆောင်လာသည့်
သံခွံအမျိုးအစားသင်္ဘောဖြစ်သည့် အောင်သစ္စာသင်္ဘောမှာ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အပိုင် ပင်လယ်ပြင်အတွင်းရှိ ဆင်ကျွန်းအနီးတွင် နစ်မြုပ်သွားကြောင်း သိရသည်။
''ဖြစ်တာက ၁၆ ရက်နေ့က ဖြစ်ပွားသွားတယ်လို့ သိရတယ်။ ကော့သောင်းမြို့ကနေ ကုန်စည်တွေ တင်ဆောင်သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေက ဒီနေ့မှာပဲ ကော့သောင်းကနေ အတူတူ ထွက်လာကြပါတယ်။ အလယ်မန်ကျွန်းအနီးရောက်တော့ မြိတ်ဘက်ကိုသွားမယ့် လှေတွေက တနင်္သာရီကမ်းရိုးတန်း အတွင်းဘက်ကို ခုတ်မောင်းဝင်သွားပြီး ရန်ကုန်သွားမယ့် သင်္ဘောတွေကတော့ ကျွန်းအပြင်ဘက် ပင်လယ်ထဲကနေ ပတ်မောင်းသွားလေ့ရှိတယ်။ အဲဒီမှာ ပင်လယ်ထဲမှာ လှိုင်းလေနှင့်တိုးမိပြီး နစ်မြုပ်သွားတာကို သိရတယ်''ဟု ကော့သောင်း-မြိတ်-ထားဝယ် ကုန်လှေလုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
အောင်သစ္စာ ကုန်တင်သင်္ဘောမှာ ကော့သောင်းမှရန်ကုန်သို့ တိုက်ရိုက်ပြေးဆွဲနေသော ကုန်တင် သံခွံသင်္ဘော အမျိုးအစားဖြစ်ဖြစ်ကြောင်း သိရသည်။
''အဲဒီမှာ သင်္ဘောသား  ၂၆ ဦးလောက် ပါသွားပါတယ်။ လှိုင်းလေက အရမ်းကြမ်းပြီး အခုလို ဖြစ်သွားတာပါ။ သင်္ဘောကတော့ လုံးဝနစ်မြုပ်သွားပါတယ်။ လူအသေအပျောက်ကတော့ မရှိပါဘူး။ သင်္ဘောသားတွေလည်း ပြန်ရောက်လာနေကြပါပြီ''ဟု အေးဂျင့်တစ်ဦး ကပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။