Monday, June 25, 2012

 ဒေသတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေဆဲကာလတွင် ရခိုင်ဒေသတွင် အလုပ်လက်မဲ့ဦးရေတိုးလာ

ဥပဒေမဲ့ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေဆဲကာလတွင် ရခိုင်ဒေသတွင် အလုပ်လက်မဲ့ဦးရေ တိုးလာကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်တွင် ဒေသတည် ငြိမ်လုံခြုံမှုမရှိသေးသဖြင့် အရောင်းအ၀ယ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများ ရပ်ဆိုင်းနေသဖြင့် ဒေသခံများ အလုပ်ခွင် မ၀င်နိုင်ဘဲ အလုပ်လက်မဲ့ဖြစ်နေခြင်းဖြစ်ကြောင်းနှင့် ယင်းနှင့်ဆက်စပ်ပြီး စားဝတ်နေရေးပါ ရေရှည် တွင် ဆိုးရွားလာနိုင်ကြောင်းလည်း သိရသည်။

မောင်တောခရိုင်အတွင်းတွင် တိုင်းရင်းသားကျေးရွာများကို အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာလုံးကျွတ် မီးရှို့ခံခဲ့ရသည့် ကျေးရွာသားများနှင့် အကြမ်းဖက်သမားများ၏ရန်ကို စိုးရိမ်သဖြင့် နေရပ်စွန့်ခွာပြောင်းရွှေ့ပြီး ဒုက္ခသည်စခန်းများတွင် ခိုလုံနေရသူများမှာ သောင်းချီရှိနေရာ စားဝတ်နေရေးအတွက် အလုပ်မလုပ်နိုင်သေးကြောင်းလည်း သိရသည်။ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသူအများစုမှာ လက်လုပ် လက်စားများနှင့် လယ်သမားများဖြစ်ကြောင်းလည်း သိရသည်။ ယင်းအပြင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ၊ ရောင်းဝယ်ရေးလုပ်ငန်းများပါ ရပ်ဆိုင်းပြီး ယင်းနှင့်ဆက်စပ်ကာ ရခိုင်ပြည်နယ်၏ ကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေး ယန္တရားတစ်ရပ်လုံး ရပ်ဆိုင်းနေကြောင်းလည်း သိရသည်။

''အခုအချိန်က လယ်သမားတွေ အလုပ် စတင်ချိန်ဖြစ်တယ်။ ဒီအချိန်မှာ အကြမ်းဖက်ခံရပြီး နေရပ်မပြန်ရတော့ ဒီတစ်မိုးအတွက်အလုပ် မလုပ်နိုင်တော့ဘူးပေါ့လေ။ နွားတွေ၊ ကျွဲတွေဆိုလည်း အကြမ်းဖက်သမားတွေ ယူသွားကြပြီ။ အိမ်လည်း မရှိတော့ဘူး။ ရွာလည်း မရှိတော့ဘူး။ ဒီတစ်မိုး ဒုက္ခသည်စခန်းမှာပဲ နေရတော့မယ့် အခြေအနေဖြစ်နေပြီ''ဟု သရေကုန်းဘောင်ကျေးရွာသားတစ်ဦးက ပြောကြားသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။