Monday, June 25, 2012

 မန္တလေးမြို့တွင် ၂၀၁၂ခုနှစ် မေလအထိ ယာဉ်မတော်တဆမှုများကြောင့် ဒဏ်ရာရသူ ၃၂၉ ဦးနှင့် သေဆုံးသူ ၇၇ ဦးရှိခဲ့

မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ် မေလအထိ ယာဉ်တိုက်မှုပေါင်း ၂၅၄ မှု ဖြစ်ပွားခဲ့ရာတွင် ဒဏ်ရာရသူ ၃၂၉ ဦးနှင့် သေဆုံးသူ ၇၇ ဦးအထိရှိခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

မန္တလေးခရိုင် (၇) မြို့နယ်အတွင်း၌ ၂၀၁၁ ခုနှစ်ကမူ မေလအထိ ယာဉ်တိုက်မှု ၁၂၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄၄ ဦးသာရှိခဲ့သဖြင့် ယခုနှစ် မေလအထိသည် ယာဉ်တိုက်မှု ၁၂၇ မှု၊ သေဆုံးသူ ၂၄ ဦးနှင့် ဒဏ်ရာရသူ ၁၈၅ ဦးအထိတိုးလာကြောင်း တွေ့ရှိ ရသည်။
မန္တလေးခရိုင်အတွင်း ဖြစ်ပွားသော ယာဉ်တိုက်မှုများအနက် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုမှာ ပိုမိုများပြားပြီး ဇန်န၀ါရီလမှ မေလအထိ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု ၂၅၄ မှုတွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုမှာ ၁၅၃ မှုနှင့် ကားပါဝင်သော ယာဉ်တိုက်မှုမှာ ၁၀၁ မှုရှိကြောင်း သိရသည်။ မန္တလေးခရိုင်အတွင်း၌  ၂၀၀၉ ခုနှစ်က ချမ်းအေးသာစံမြို့နယ်၊  ၂၀၁၀ခုနှစ်တွင် ချမ်းမြသာစည်မြို့နယ်၊ ၂၀၁၁ ခုနှစ်တွင်  ပုသိမ်ကြီးမြို့နယ်တို့တွင် ယာဉ်တိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း၊ ယခု ၂၀၁၂ ခုနှစ်အတွင်း၌ ယာဉ်တိုက်မှုပေါင်း ၄၃ မှုဖြင့် အမရပူရမြို့နယ်သည် ယာဉ်တိုက်မှု အများဆုံး မြို့နယ်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။