
ကချင်ပြည်နယ် ၀ိုင်းမော်မြို့ ကေဘီစီဇုန်နယ်ရုံးတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း တစ်နေရာကို ယခုလအစောပိုင်းက တွေ့ရစဉ်
၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက် နေ့က နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် နိုင်ငံခြား အကူအညီအထောက်အပံ့များ စီ မံခန့်ခွဲရေးဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် နိဂုံးချုပ်အမှာစကား ပြောကြားရာ၌ ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း ဖောက်ခွဲဖျက်ဆီးမှုများ အထိုက်အလျောက် နည်းပါး သွားသော်လည်း ပစ်ခတ်တိုက်ခိုက်မှုအချို့ ယနေ့အထိ ရှိနေဆဲဖြစ်ပါ ကြောင်း၊ သို့သော် မိမိတို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အ ဖွဲ့နှင့် ကေအိုင်အေတို့ နှစ်ကြိမ်တွေ့ဆုံပြီး ဖြစ်ပါကြောင်း၊ နောက်တစ်ကြိမ် တွေ့ဆုံရန် တောင်းဆိုထားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးစခန်းများတွင် အမိုးအကာ မလုံခြုံမှု၊ စားနပ်ရိက္ခာခက်ခဲမှု၊ ကျန်းမာရေးပိုင်း စိုးရိမ်ရမှု စသည်တို့ ရှိနေကာ စစ်ရပ်စဲခြင်းမရှိသေးပါက ကယ်ဆယ်ရေးစခန်းများတွင် လူဦးရေ ဆက်လက်တိုးတက် လာနိုင်သေးကြောင်း၊ ကယ်ဆယ်ရေးစခန်း ရောက်ရှိနေသူများမှာလည်း မူလနေထိုင်ခဲ့ရာ ရပ်ရွာများသို့ စစ်မရပ်စဲမီ ပြန်နိုင်ကြဦးမည် မဟုတ်ကြောင်း . . . |
တိုက်ပွဲများသည် ဗန်းမော်ခရိုင် အတွင်း၌ စတင်ခဲ့ပြီး မြစ်ကြီးနား၊ ၀ိုင်းမော်မြို့နယ်များအထိ ရောက်ရှိ ခဲ့ကာ ယင်းကာလမှစတင်၍ ဒေသခံ တိုင်းရင်းသားများသည် မိမိတို့နေထိုင်ရာ ကျေးရွာများကို စွန့်ခွာကာ မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများ၊ သာသနိက အဆောက်အအုံများ၊ တောတွင်း ကယ်ဆယ်ရေး စခန်းများ၌ ခိုလှုံနေထိုင်မှုများ ရှိလာခဲ့သည်။
လက်ရှိတွင် ကယ်ဆယ်ရေး စခန်းများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နိုင်ငံ အတွင်း၌ တည်ရှိနေကာ ကချင်ပြည်နယ်မှ တိုင်းရင်းသားဦးရေပေါင်း ၈၀၀၀၀ ကျော် တစ်သိန်းနီးပါးမှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရဆဲဖြစ်သည်။
ကယ်ဆယ်ရေး စခန်းများတွင် အမိုးအကာ မလုံခြုံမှု၊ စားနပ်ရိက္ခာ ခက်ခဲမှု၊ ကျန်းမာရေးပိုင်း စိုးရိမ်ရမှု စသည်တို့ ရှိနေကာ စစ်ရပ်စဲခြင်းမရှိသေးပါက ကယ်ဆယ်ရေးစခန်းများ တွင် လူဦးရေ ဆက်လက်တိုးတက် လာနိုင်သေးကြောင်း၊ ကယ်ဆယ်ရေးစခန်း ရောက်ရှိနေသူများမှာလည်း မူလနေထိုင်ခဲ့ရာ ရပ်ရွာများသို့ စစ်မရပ်စဲမီ ပြန်နိုင်ကြဦးမည် မဟုတ်ကြောင်း ကယ်ဆယ်ရေးစခန်းများ သို့ သွားရောက်လေ့ရှိသူ လူမှုကူညီရေး လုပ်ကိုင်သူများက ပြောပါသည်။
နိုင်ငံခြား အကူအညီအထောက် အပံ့များရယူရာတွင် Development Plan နှင့် Reform Strategy ပေါ် မူတည်၍ ထိရောက်စွာ အသုံးပြုလိုသည့် ဦးစားပေးကဏ္ဍနှင့် ဦးစားပေးနယ်မြေများကို ရွေးချယ်ရာတွင် တိုင်းရင်းသားပြန်လည် စည်းလုံးညီညွတ်ရေး ရှုထောင့်မှကြည့်လျှင် ဦးစားပေးနယ်မြေများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်များဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ကေအိုင်အေ တပ်စခန်းများအား ထိုးစစ်မဆင်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
၂၀၁၁ ခုနှစ် ဇွန်လဆန်းမှ ၂၀၁၂ ခုနှစ် ဇွန်လဆန်းအထိ တစ်နှစ်တာကာလအတွင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား တိုက်ပွဲများအကြိမ် ၂၀၀၀ ၀န်းကျင် ဖြစ် ပွားခဲ့ကြောင်း သိရှိရသည်။
ကေအိုင်အေနှင့် အစိုးရအဖွဲ့တို့သည် ၁၉၉၄ ခုနှစ်က အပစ်အခတ် ရပ်စဲထားပြီးဖြစ်ကာ ၂၀၁၁ ခုနှစ် တွင် တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာခြင်းဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။