Saturday, May 5, 2012

အခမဲ့ ဖြန့်ဝေလှူဒါန်းထားတဲ့ မြစ်ရေကို ပြန်ရောင်းစားနေတဲ့ ညောင်ဦးခရိုင်စည်ပင်

ညောင်ဦးမြို့ အနီးရှိ ဧရာဝတီမြစ်ကမ်း
မန္တလေးတိုင်းဒေသကြီး ပုဂံ၊ညောင်ဦးမြို့နယ် ငါးသရောက် -ညောင်ဦးကားလမ်းဘေး
ဝဲယာရှိ ကျေးရွာများတွင် သောက်သုံးရေ ရှားပါသဖြင့် သြစတေးလျ နိုင်ငံအလှူရှင်များမှ
 ရောဝတီမြစ်ရေကို (မြစ်ရေတင်စနစ်ဖြင့်)အခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။ 


  
  ညောင်ဦးခရိုင်စည်ပင်မှ တာဝန်ခံဖြစ်သူ ဦးမျိုးအောင် သည် မီတာများတပ်ဆင်ပြီး 
တစ်ယူနစ်လျှင် (၂၀၀) ကျပ်ကောက်ခံနေပါသည်။ 

ထို့ပြင် ရွှေပြည်နန်း ကုမ္ပဏီ စိုက်ခင်းနှင့်အခြားပုဂ္ဂလိက စိုက်ခင်းများကို အများပြည်သူသုံးစွဲသော သောက်ရေပိုက်မှရေများကိုအခကြေးငွေယူပြီး 
 ပေးဝေထားပါသည်။

 မြစ်ရေပေးဝေရေး ကိစ္စဖြင့် ညောင်ဦးမြို့နယ် အင်တိုင်းကျေးရွာ ဦးဖြူမောင်၊
 ဦးချစ်သိန်း တို့ဦးဆောင်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကို စစ်ဆေးပေးပါရန်
တင်ပြခဲ့သော်လည်း ယခုအချိန်အထိ အကြောင်းတစ်စုံတစ်ရာ မထူးသေး

ကြောင်း ဒေသခံများက ပြောပါတယ်။
Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။