Saturday, May 5, 2012

ရုံးပိတ်ရက်မရှိ့ စီးပွါးရှာနေတဲ့ တပ်ရင်းမှုးကြီး

ရွှေဘိုမြို့ အမှတ် (၈) စခတက စစ်သည်ရဲမေတွေ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်မရှိ့ တပ်ရင်းမှုးကြီး ဗိုလ်မှုးကြီးဝင်း ဌေးရဲ မိသားစု စီးပွားရေးကို လုပ်ပေးနေရပါတယ်။

 စစ်သည်မိသားစုများမှာ ဆင်းရဲငတ်ပြတ်နေပြီး တပ်ရင်းမှုးမှာတော့ တလလျှင်သိန်းပေါင်းများစွာ ၀င်ငွေကို ရရှိရန်အတွက် စစ်သည်ရဲမေတွေကို ခိုင်းစားနေကြပါတယ်။

သက်သာဆိုင်လုပ်ငန်းမွေးမြူရေး(ငါး၊၀က်၊ကြက်၊နွား၊ဆိတ်)၊လယ်လုပ်ငန်း၊အုတ်ဖုတ်လုပ်ငန်း၊တပ်ထောက်၊မော်တော်ယဉ်၊သင်တန်းတပ်ခွဲတွေမှ ရရှိတဲငွေကြေးတွေကို တပ်ရင်းရန်ပုံငွေအတွက် နည်းနည်းပြပြီး ကျန်တာတွေကို တပ်ရင်းမှုးကြီးမှ ကိုယ်ပိုင်ငွေအဖြစ်အသုံးပြုနေပါတယ်။

အခုဆိုရင် တပ်မှစစ်ကားများကို အသုံးပြုပြီး သစ်မျှောဝါးကို စစ်သည်များကို သုံးပြီးကိုယ်ကျိုးအတွက် အသုံးပြုနေပါတယ်။ခွင့်မဲစစ်သည်များအား အထက်သို့တင်ပြချင်းမရှိ့ဘဲ လစာ/ရိက္ခာများကို ဗိုလ်မှုးကြီးဝင်း ဌေးမှ ထုတ်ယူသုံးစွဲနေကြောင်း
အမှတ်(၈) စခတက မှ တပ်သားတဦးက သတင်းပေးပို့ ထားပါတယ်။

Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။