Saturday, May 5, 2012

ဦးသိန်းစိန်အစိုးရလက်ထက် ပုဒ်မ-၁၇(၁) အမှုများ ပိုမိုများပြားလာ

မေ(၅)ရက်၊၂၀၁၂ခုနှစ်။
 
ကချင်ပြည်နယ်အတွင်းတွင် ဦးသိန်းစိန်အစိုးရတတ်လာသည့်နောက်ပိုင်း မတရားအသင်းနှင့် ဆက်သွယ် နေသည့်အမှု   ပုဒ်မ၁၇(၁) အမှုပေါင်း(၂၆)ခုအထိ ရှိနေပြီဖြစ်ကြောင်း ကချင်ပြည်နယ်တရားရုံးက သိရသည်။

  
ကေအိုင်အိုနှင့်မြန်မာစစ်အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးနေဆဲကာလတွင် မတရားသင်းနှင့် ဆက်သွယ်သော အမှုများမှာ ယခင်ထက် ပိုမိုများပြားလာကြောင်း ကချင်ပြည်နယ်ရှိ ဥပဒေအရာရှိများက သုံးသပ်ပြောဆိုသည်။

 “ဖမ်းတာက ရဲတွေမဟုတ်ဘူး။ စစ်တပ်ကပဲ ဖမ်းပြီး၊ ရဲလက်ကို အပ်နေတာ။ ဒီအမှုတွေက ငြိမ်းချမ်းရေးရမှ အေးမှာ။ အမြန်းဆုံးဖြေရှင်းသင့်တယ်။” ဟု တိုင်ရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ရှေ့နေ ဒေါ်ဒွဲဘူက သုံးသပ်ပြောဆိုသည်။

ရှေ့နေ ဘန်ထွယ်မှလည်း “ဒီအမှုတွေက ငြိမ်းချမ်းရေးဆွေးနွေးတာ အောင်မြင်ရင် အမှုတွေက အဆင်ပြေသွားမှာပါ။ ခိုင်လုံတဲ့အချက်မရှိတဲ့ သူတွေလည်း ဖမ်းခံနေရတယ်။ ကေအိုင်အေ စစ်သားနံပါတ်နဲ့ သက်သေခိုင်လုံတဲ့ သူတွေလည်း ရှိတယ်။ သူတို့တော့ ငြိမ်းချမ်းရေး မဆွေးနိုင်သေးရင်တော့ မတွေးရဲဘူး။” ဟုပြောသည်။

၎င်းအမှုနဲ့ ပတ်သက်ပြီး ဒေါ်ဒွဲဘူမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းထံ လိပ်မှု၍ ဧပြီ (၄) ရက်တွင် ကချင်ပြည်နယ်ရှိ
ပြည်သူလူထုအတွင်း၌ မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁)အရ ဖမ်းဆီးစစ်ဆေးနေ သည့်အမှုနှင့် ပတ်သက်၍ တင်ပြတောင်းဆိုခဲ့သည်။
 
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရကြား ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ဇွန်လမှ စစ်ပွဲဖြစ်ပွားပြီး နောက် မြန်မာစစ်တပ်မှ   ကေအိုင်အိုနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆသူများအား လိုက်လံဖမ်းဆီး အရေးယူနေခြင်းဖြစ်သည်။

ယခင်လများက ပုဒ်မ ၁၇(၁)အမှု (၂၂)မှုရှိကာ လက်ရှိအချိန်တွင် ပိုမိုများပြားလာခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ တရားရုံးတွင်မူ ပုဒ်မ ၁၇(၁) အမှုပေါင်း (၁၂)မှုအထိ ရှိနေပြီဖြစ် ဥပဒေပညာရှင်များကဆိုသည်။

“ အဲ့အမှုတွေက တစ်ဝက်လောက်တော့ သက်သေစစ်နေပြီ။ တရားလိုပြ သက်သေစစ်ဆေး နေတာပေါ့။ စွတ်စွဲ ခံရတဲ့ တရားခံတွေကိုတော့ မစစ်ရသေးဘူး။” ဟု ပုဒ်မ ၁၇(၁)မှုဖြင့် အဖမ်းခံရသော ဇော်ဆိုင်းအမှုအား ရှေ့နေ လိုက်ပေးနေသူ   ရှေ့နေဘန်ထွယ်က ပြောသည်။
 
ပုဒ်မ ၁၇(၁)အမှုသည် အမြင့်ဆုံးထောင်ဒဏ် (၃)အထိ ခံရနိုင်သော အမှုအမျိုးအစားဖြစ်သည်။

ဂျာတော့ပ်(မြစ်မခ)
Shwe Myitmakha Media Group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။