Saturday, May 5, 2012

ဖိနပ်ရောင်းရငွေမှ ကျပ်သိန်းတစ်ရာ နွမ်းပါးသူများအတွက် လှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏  ဆင်းရဲနွမ်းပါးသူများပညာရေးရံပုံငွေအပါအ၀င် သီတဂူဆေးရုံသို့ ကျပ်သိန်းတစ်ရာလှူဒါန်းပွဲတစ်ရပ်ကို မန္တလေးရှိ Gallery Exchange ဖိနပ် အရောင်းဆိုင်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
 

“ ခုလိုပညာရေးအတွက်ရော ကျန်းမာရေးအတွက်ပါ လှူတယ်ဆိုတဲ့အတွက် အများကြီးဝမ်းသာပါတယ် ” ဟု အလှူငွေလက်ခံသူ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းစည်းဖြစ်သူ ဦးမောင်မောင်သန်းကပြောသည်။
 
အဆိုပါလှူဒါန်းပွဲကို ၂၀၁၂ခုနှစ် မေလ-၃ရက်နေ့ နေ့လည်(၁၁)နာရီတွင် ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။ အလှူငွေလက်ခံပွဲသို့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများ ၊ သီတဂူဆေးရုံမှ တာဝန် ရှိသူများ တက်ရောက်ခဲ့သည်။


မတ်လပိုင်းတွင် ဈေးပွဲတော်ပြုလုပ်ရောင်းချရငွေများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရံပုံငွေသို့ ကျပ်သိန်း(၅၀)နှင့် သီတဂူဆေးရုံသို့ ကျပ်သိန်း(၅၀)စီ လှူဒါန်းခဲ့ခြင်းဖြစ်သည်။


အဆိုပါအလှူငွေများသည် မတ်လ (၉)ရက်မှ(၁၁)ရက်နေ့အထိ သုံးရက်ရောင်းချရငွေများကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။