Saturday, May 5, 2012
ကျောက်ပန်းတောင် ဆေးရုံမှ အကျင့်ပျက်ဝန်ထမ်းများအား တိုင်းကြားသူတွေ နယ်ပြောင်းခံရ
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ အကျင့်ပျက်ဝန်ထမ်းများအား
တိုင်ကြားခြင်းနှင့်ပတ်သက်၍တိုင်ကြားသူ အပါအဝင် မှန်ကန်စွာ ထွက်ဆိုခဲ့သော
ဝန်ထမ်းများအားပြောင်းရွှေ့တာဝန်ချထားလိုက်ပါသည်။
ဒေသခံပြည်သူလူထု စရိတ်သက်သာ စေရန်ရည်ရွယ်၍ စရိတ်မျှပေး ကျန်းမာရေး
ဆေးအရောင်းဆိုင်အား ဆေးရုံဝန်းအတွင်း ရောင်းချလျှက်ရှိရာ မြို့နယ်ဆရာဝန်
ဒေါက်တာယုဝေ လက်ထက်တွင်ဆေးနှင့်ဆေးပစ္စည်းများအား တိုက်ရိုက်မှာယူ၍
ဆေးရုံရှိ စရိတ်မျှပေး ကျန်းမာရေး ဆေးဆိုင်တွင်ဝန်ထမ်းသက်သာ
အတွက်နောက်ထပ် 15% အမြတ်တင်ကာရောင်းချခြင်းမြို့နယ်ဆရာဝန်ကြီးသည်
 မွေးစာရင်း တစ်ဆောင်လျှင် ၁၅၀၀ ကျပ်နှုန်းတောင်းခံစေပြီး ၄င်းထံအပ်နှံစေခြင်း။
နိုင်ငံတော်မှအခမဲ့ထောက်ပံ့ဆေးများအားဆေးအရောင်းဆိုင်မှ
ဒေါ်ခင်မျိုးတင့်အားငွေကြေးဖြင့် ရောင်းချစေကာရရှိငွေကို ၄င်းထံအပ်နှံစေခြင်း။
နေအိမ်ဆေးခန်းတွင် သွေးသွင်းကုသခွင့်မရှိပဲ ကုသမှု့များပြုလုပ်နေခြင်း။
PMCT progect မှ ကိုယ်ဝန်ဆောင်မိခင်များအား HIV အခမဲ့
စစ်ဆေးရန်ပြည်သူ့ဆေးရုံဓါတ်ခွဲခန်းတွင် လှူဒါန်းထားသော်လည်း မြို့နယ်
ဆရာဝန်သည် မသိနားမလည်သော ဒေသခံ ကိုယ်ဝန်ဆောင်မိခင်များ
အား၎င်း၏နေအိမ်တွင် တစ်ခါသုံးများနှင့် စစ်ဆေး၍ ငွေတောင်းခံနေခြင်း။
အထက်ပါဖေါ်ပြထားသည့်ကိစ္စရပ်များအပြင် အလားတူကိစ္စရပ်များ  အားတိုင်ကြားခဲ့ရာ
27.8.2011 နေ့တွင် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာခင်မောင်ထွန်း။
ဒေါက်တာကျော်ကျော်နှင့် ညောင်ဦးခရိုင်ဆရာဝန်တို့ (၃)ဦးစုံစမ်းစစ်ဆေးမှု့များပြုလုပ်
ရာတွင် အရေးယူဆောင်ရွက်မှု့မရှိသဖြင့်  ဒုတိယအကြိမ်ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေသက်ခင်ထံ ထပ်မံ အစီရင်ခံတင်ပြခဲ့ရာကျန်းမာရေး
ဦးစီးဌာနမှ ဒေါက်တာဒေါ်စန်းမြင့်။ဒေါက်တာ ဒေါ်သီရိနွယ်။ဒေါက်တာဒေါ်သန်းသန်းမြင့်တို့မှ
18.11.2011 နေ့တွင်ပြည်သူ့ဆေးရုံဝန်ထမ်းများအား လာရောက်စစ်ဆေးပါသည်။
ဒေသခံပြည်သူလူထုအတွက် အဖြစ်မှန်များကိုတင်ပြခဲ့သော ဝန်ထမ်းတစ်ဦးဖြစ်သူ
ဦသိန်းလွင်အား ပုံကြီးချဲ့၍ တိုင်ကြားခြင်းဖြစ်သည်ဟု သုံးသပ်ကာ
ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်း။မြို့နယ်ဆရာဝန်၏ခိုင်းစေချက်အရ
 မွေးစားရင်းများအား ၁ စောင်လျှင် ၁၅၀၀ကျပ်နုန်းကောက်ခံစေကာ ၄င်းထံအပ်နှံစေခြင်း
 အငယ်တန်းစာရေးဒေါ်စန်းစန်းအား စရိတ်မျှပေးကျန်းမာရေးမှ နိုင်ငံတော်အတွက်
 ပေးသွင်းရမည်းငွေများကိုလစဉ်ပုံမှန် ပေးသွင်းခဲ့သော်လည်း ပေးသွင်းခြင်းမရှိဟု
အကြောင်းပြကာပြောင်းရွှေ့တာဝန်ထမ်း ဆောင်စေခြင်း။ဝန်ထမ်းအင်အားလိုအပ်ချက်အရ
 သူနာပြုဆရာမ ၅ ဦးအား ပူးတွဲတာဝန်ထမ်းဆောင်နေရာမှ စစ်ဆေးရေးအဖွဲ့အား
 မှန်ကန်စွာ ထွက်ဆိုခဲ့သောကြောင့် ထို ဆရာမ ၅ဦးအားမြို့နယ်ဆရာဝန်ကြီး
၏ တဖက်သက်ပြောကြားချက်အရ မိခင်ဌာနသို့ပြန်လည်ပြောင်းရွှေ့စေခြင်းများပြုလုပ်ခဲ့ပါသည်။
 ဒေသခံပြည်သူလူထုနှင့်လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏
ယုံကြည်မှု့ကို အလွဲသုံးစားပြုကာ ၄င်းတို့ ကိုယ်ကြိုးအတွက်လုပ်ကိုင်နေသော
ဒေါက်တာယုဝေအား ရာထူတိုးမြှင့် ပြောင်းရွှေ့စေခြင်း။စာရေး စိုးရွှေအား
လက်ရှိရာထူးဖြင့် ပင် ပြောင်းရွှေ့စေခဲ့သော်လည်း ၄င်းတို့ အပေါင်းပါများဖြစ်သော
 အငယ်တန်းစာရေးဒေါ်ခင်ထားကြည်။ ဆေးအေ၇ာင်းဆိုင်မှဒေါ်ခင်မျိုးတင့်။
ဒေါ်ခင်မြတ်သန့်။ဒေါ်မြင့်မြင့်စန်းနှင့်ဒေါ်အေးသန္တာတို့အား အရေးယူ အပြစ်ပေးမရှိခြင်းများ
မရှိပဲ...ဒေသခံပြည်သူလူထု အတွက်မှန်ကန်စွာ တိုင်ကြားခဲ့သော ဝန်ထမ်းနှင့် မှန်ကန်စွာ
ထွက်ဆိုခဲ့သောဝန်ထမ်းများအား ယခုကဲ့ သို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ ခြင်းမှာ
အပြစ်ပေးအရေးယူသည့်ပုံစံမျိုးဖြစ်နေသည့်အတွက် နောင်တွင် ပြည်သူ
လူထု အကျိုးအတွက် တင်ပြဝံ့စရာ မရှိတော့ပါသဖြင့် သက်ဆိုင်ရာ
တာဝန်ရှိလူကြီးမင်းများ အနေဖြင့် ထိုကဲ့သို့သော အလားတူကိစ္စများအား မှန်ကန်သော
နည်းလမ်းဖြင့်တရားဥပဒေစိုးမိုးရေးကို ပြည်သူလူထု အကျိုးအတွက် ထိရောက်စွာ
 စစ်ဆေးမှု့များ ပြုလုပ်သင့်ပါသည်။
ကျောက်ပန်းတောင်ဆေးရုံမှပေးစာ
Myanmar News Now
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။