NLD က ပညာရေးရန်ပုံငွေ ပေးအပ်လှူဒါန်း
၂၀၁၂ ခုနှစ် မေလ ၄ ရက်က အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ်၊ ရွှေဂုံတိုင် အဖွဲ့ ချုပ်ရုံးတွင် ပညာရေးကွန်ရက် ရန်ပုံငွေ
ပေးအပ်လှူဒါန်းပွဲ ပြုလုပ်နေစဉ်။
ဒီ ရန်ပုံငွေပေးအပ်ပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပြီး NLD သဘာပတိအဖွဲ့ နာယက
ဦးတင်ဦးကိုယ်တိုင် လှူဒါန်းလိုက်တာလို့ ဦးဟန်သာမြင့်က RFA ကို
ပြောပါတယ်။
ကျောင်းသားဦးရေ အနည်းအများပေါ် မူတည်ပြီး တစ်ကျောင်းကို ၂ သိန်း၊ ၄ သိန်း၊ ၆ သိန်း စသည်ဖြင့် ကျောင်းကော်မတီအဖွဲ့ဝင်တွေကို ပေးအပ်လိုက်တာပါ။ အလှူငွေအပြင် အလှုရှင်တွေ ပေးအပ်ထားတဲ့ ဗလာစာအုပ် အုပ်ရေ (၆၀၀၀) လောက် ကိုလည်း ခွဲဝေလှူဒါန်းလိုက်ပါတယ်။
ဒီပွဲကို NLD သဘာပတိအဖွဲ့ နာယက ဦးတင်ဦး၊ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ အမျိုးသမီးအဖွဲ့ဝင်တွေနဲ့ လူငယ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။