Saturday, May 5, 2012

လှိုင်သာယာမြို့နယ် သောင်ကြီးမြောက်ရှိ ဘိုးဘွားပိုင်မြေများ တတ်ဈေးဖြင့် အရောင်းသွက်

လှိုင်သာယာမြို့နယ် သောင်ကြီးမြောက်အပိုင်း အနော်ရထားလမ်းမဘေးရှိ မြေနေရာ အများစုမှာ  ပါမစ်၊ဂရမ် မရှိသော်လည်း  ၀ယ်ယူနေထိုင်များပြားလာသောကြောင့် အဆိုပါဒေသတွင် အိမ်ခြံမြေဈေးနူန်းများမြင့်တက် လျက်ရှိကြောင်း သိရသည်။
 
လှိုင်သာယာမြို့နယ်ရှိ ကုလားကြီးစုကျေးရွာ၊ ကန်လှကျေးရွာနှင့် ကျုံစုကျေးရွာများ၌ မြေအ၀ယ်လိုက်လျက် ရှိကြောင်း ဒေသခံများကဆိုသည်။

 
 “မြေကွက်က ပါမစ်တို့ ဂရမ်တို့မရှိပေမယ့် စီးပွားရေးသမားတွေ၊ ဒေသခံတွေအနေနဲ့လဲ ၀ယ်နိုင်တဲ့ ဈေးဖြစ် နေလို့ အရောင်းအ၀ယ်ဖြစ်တာပါ။ မြို့ပေါ်တွေမှာဆို ဒီဈေးနူန်းတွေနဲ့ မနေနိုင်ကြဘူး”ဟု ကုလားကြီးစုကျေးရွာ တွင် မြေယာဝယ်ယူသူ ကိုသန့်ဇင်မျိုးကပြောသည်။
 
ဘိုးဘွားပိုင်မြေများဖြစ်၍ ပါမစ်မရှိသော်လည်း စီးပွားရေးသမားများ အနေဖြင့် အခန်း ငယ်များ တည်ဆောက်၍ ငှားရမ်းမူများရှိလာသောကြောင့်အ၀ယ်လိုက်လာခြင်းဖြစ်ကြောင်း နှင့်  ကျေးရွာများတွင် မြေယာဝယ်လိုအား   မြင့်တက်လာခြင်းကြောင့် မြေဈေးနူန်းများပါ မြင့်တက်လာကြောင်း ဒေသခံများက ဆိုသည်။  
 
ထိုကျေးရွာများသည် ဘိုးဘွားပိုင်မြေများဖြစ်၍ ရောင်းချသူများမှာ မြေ(အိမ်မပါ)များကို ပေ ၂၀×၆၀ အား ခွဲ၍ ရောင်းချ လျက်ရှိကြောင်း၊ ယခင်နှစ်များက (ပေ၂၀×၆၀ မြေတစ်ကွက်)လျှင် (၄)သိန်းဝန်းကျင်ခန့်သာရှိပြီး ယခုနှစ်တွင် ကျပ် ၁၅သိန်း ၀န်းကျင်ခန့်မြင့်တက်လာကြောင်း သိရှိရသည်။
 
 “လှိုင်သာယာမြို့ပေါ်မှာဆို ဒီပေ ၂၀ ×၆၀ ကို မြေကြီးပဲကို သိန်းငါးဆယ်လောက်ရှိတယ်။ ဒီရွာမှာက ပေ ၂၀×၆၀ ကို (၁၅)သိန်းလောက်ပဲရှိတော့ အ၀ယ်လိုက်လာတယ်” ဟု လှိုင်သာယာမြို့နယ် ကန်လှကျေးရွာသား တစ်ဦးက ပြောသည်။  
 
လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာတွင် နေထိုင်ကြသူများမှာ အခြေခံလူတန်းစားများ (ပန်းရံသမား၊ စက်ရုံအလုပ်သမား၊ ငါးရှာဖားရှာသမား၊ ဆိုက္ကားသမား၊ လက်လုပ်လက်စားသမား) အများဆုံးနေထိုင်ကြပြီး ရွာခံများမှာ ယခင် လယ်လုပ်စားကြသော်လည်း ယခုအခါ လယ်များအသိမ်းခံရခြင်း  (ထိန်ပင်သုသာန် မြေ အဖြစ်)ကြောင့် နေထိုင်မှုဘ၀မှာ အခက်အခဲများရှိလာကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။