Saturday, May 5, 2012

မြစ်ကြီးနားမှာ ဗုံးပေါက်ကွဲပြန်

မန္တလေး မြစ်ကြီးနား ၃၃ အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျတ်ဆီးခံရစဉ်
မြစ်ကြီးနား၊ မေလ ၅ ရက်နေ့၊ နံနက် ၉နာရီ၊၂၀၁၂၊ ဆိုင်းဆွတ်
 
ယနေ့နံနက် ၆နာရီခွဲနှင့် ၇နာရီက မြစ်ကြီးနားမြို့ အေဒင်အမှိုက်ပုံ လမ်းကူးတံတားအနီး ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ရာ လုံခြုံရေး ကင်းတပ်သား ၂ ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။
ပထမပေါက်ကွဲသည့် ဗုံးတွင် ဒဏ်ရာရခြင်းမရှိသော်လည်း ပေါက်ကွဲသည့်နေရာတွင် လုံခြုံရေး ကင်းတပ်သားများက သွားရောက်ကြည့်ရှုနေစဉ် ဒုတိယမြောက် ဗုံးပေါက်ကွဲပြီး ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
ဒဏ်ရာရရှိသူ ၂ ဦးအနက် တဦးမှာ စိုးရိမ်ရသည့် အနေအထားဖြစ်သည်ဟု ဆေးရုံမှ ရရှိသည့် သတင်းအရ သိရသည်။

မြစ်ကြီးနားမြို့တွင် လွန်ခဲ့သည့် လ သင်္ကြန်ကာလတွင် မြို့အထွက် ရထားသံလမ်းအနီး ဗုံးတလုံးပေါက်ကွဲခဲ့သကဲ့သို့ ယခင်သီတင်းပတ်ကလည်း ဆေးရုံကြီးအနီးလမ်းဆုံတွင် ဗုံးပေါက်ကွဲမှုကြောင့် ၃ ဦးဒဏ်ရာရရှိခဲ့သည်။
ဗုံးကွဲမှုများမှာ မည်သည့် အဖွဲ့အစည်းလက်ချက်ဖြစ်သည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။ 
 YPI- Yangon Press International

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။