Saturday, May 5, 2012

လှိုင်မြို့နယ် ၊၁၃-ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို
့နယ်၊(၁၃)ရပ်ကွက်၊မဟာဆွေလမ်းမကြီးအနောက်
ဘက်ခြမ်းနှင့်လမ်းသွယ်များတွင်စက်ရုံများမှ ဓာတုဗေဒဆေးများပါဝင်သည့်
အမည်းရောင်စွန့်ပစ်ရေဆိုးရေညစ်
များကြောင့် နွေရောမိုးပါ ရေ၀ပ်နေသဖြင့်
ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နေကြောင်း

သိရပါသည်။

ယင်းဓာ
တုစွန့်ပစ်ရေ၏အငွေ့ကြောင့်နေအိမ်သွပ်မိုးများပျက်စီးလွယ်ခြင်း၊
အီလက်ထရွန်းနစ်ပစ္စည်းများပျက်စီးလွယ်ခြင်းတို့ကိုကြုံတွေ့နေရပါသည်။
  
ရပ်ကွက်နှင့်မျက်နှာချင်းဆိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံမှ
၂၄နာရီမပြတ်စွန့်ထုတ်သော ဓာတုရေဆိုးများ၊သီရိမြိုင်လမ်း
မကြီးနှင့်
အုတ်ကျင်းဘူတာရုံလမ်းထောင့်ရှိေ
ရသန့်စက်ရုံမှ စွန့်ထုတ်သောရေဆိုးများကို
ပိတောက်ချောင်းအတွင်းသို့ စနစ်တကျစွန့်ထုတ်မှု မရှိခြင်း၊ရပ်ကွက်အတွင်း 

စနစ်ကျသောရေထုတ်ရေနှုတ်မြောင်းများမရှိခြင်း၊ကွန်ကရစ်လမ်းများခင်း
ထားသောကြောင့်ရေထွက်ပေါက်များပိတ်ဆို့သွားခြင်း၊စသည် အကြောင်း
တို့ကြောင့် စွန့်ပစ်ရေဆိုးများသည်အနိမ့်ပိုင်းလမ်းသွယ်များအတွင်းသို့ ပျံ့နှံ့ဝင်
 ရောက်ပြီး ဆယ်နှစ်ရာသီရေ၀ပ်သည့်အပြင် လမ်းမအနိမ့်ပိုင်းနေရာအချို့ကိုပါ
ရေလွှမ်းမိုးလျက်ရှိနေပါသည်။

  
ရပ်ကွက်ပြည်သူများသည် နေအိမ်များအောက်တွင် အမြဲဝပ်နေသောရေဆိုးများ၏
ဓာတုဆေးအနံ့ဆိုးများကို နေ့စဉ်ရှုရှိုက်နေရသောကြောင့်ကျန်းမာရေး ထိခိုက်ခြင်း 

၊ရေဆိုးများစိမ့်ဝင်နေသော အ၀ီစိရေကိုသောက်သုံးနေရခြင်း၊နေအိမ်အမိုးအကာ
သြပ္မ်ား၊ဒန္အိုးဒန္ခြက္မ်ား၊ေ
ပါက်လွယ်ခြင်း၊ အီလက်ထရွန်းနစ် စက်ပစ္စည်းများ
 မကြာခဏပျက်စီးခြင်း စသည် ဒုက္ခများကို ကြုံတွေ့နေရကြရသည်မှာ
နှစ်အတန်ငယ်ကြာမြင့်ခဲ့ပြီဖြစ်
သည်။
  
ဤဖြစ်ရပ်မှန်များကိုမြို့နယ်စည်ပင်သို့၎င်း၊ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများထံသို့၎င်း၊
လှိုင်မြို့နယ်တိုင်းဒေသကြီးလွှ
တ်တော်ကိုယ်စားလှယ်သို့၎င်း၊တိုင်းဒေသကြီး
လွှတ်တော်မှတစ်ဆင့်မြို့တော်ဝန်ထံသို့၎င်း၊အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ယနေ့ထက်တိုင်
အရေးယူဆောင်ရွက်ပေးခြင်းမရှိပဲ အထက်ပါဒုက္ခများကို ယနေ့ တိုင် ရပ်ကွက်ပြည် သူများ ခံစားနေရဆဲဖြစ်ကြောင်းသိရပါသည်။

Myanmar News Now

လှိုင်မြို့နယ် ၊၁၃-ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုး ဓါတ်ပုံများ






Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။