Thursday, May 24, 2012

တိုးမြင့်အောင် စက်ရုံမှတာဝန်ရှိသူများ အလုပ်သမားများကို ကိုယ်ထိလက်ရောက်စော်ကား

ကိုယ်ထိလက်ရောက်စော်ကားခံရတဲ့ တိုးမြင့်အောင် စက်ရုံမှ အလုပ်သမားတဦး
 23.5.2012
မေလ(၂၃)ရက်နေ့ က ရန်ကုန်တိုင်း လှိုင်သာယာမြို့ နယ် စက်မှုဇုန်(၄) တိုးမြင့်အောင်
ဇာထိုးပန်းထိုး စက်ရုံမှ အလုပ်သမားများ စက်ရုံမှ စက်ရုံမှုးများ မန်နေဂျာ များမှ ကိုယ်
ထိလက်ရောက်စော်ကားခဲ့ကြောင်းသိရပါတယ်။

မီးခွက်ဈေးအောက်ထိပ် တွင် နံနက်(၆)နာရီအချိန် ထန်းတပင်မှ အလုပ်သမား
(၄၀) ကျော်စီးလာသော ဖယ်ရီကား ၅က(၅၀၀၂) မှာ စက်ရုံရှေ့ ရောက်သောအခါ
တိုးမြင့်အောင် စက်ရုံမှ စက်ရုံမှုးများ မန်နေဂျာ များမှ အလုပ်သမားကောင်မလေးများကို
ကိုယ်ထိလက်ရောက် ရိုက်နှက်ချင်း၊ ဆံပင်ဆွဲချင်း၊ အင်္ကျီတွေဆွဲဖြဲချင်း၊ဆွဲဆောင်ရိုက်
နှက်ချင်းများ ပြုလုပ်ခဲသောကြောင့် မိန်းခလေး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

 ထို့ကြောင့်နံနက်(၈)နာရီမှာလှိုင်သာရာရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရှိရပါတယ်။

ညနေ(၄)နာရီမျာတော့ ပုလဲအထည်ချုပ်စက်ရုံတွင် အလုပ်ရှင်၏လူများက စက်ရုံပြင်ပမှ
တောင်းဆိုနေသောအလုပ်သမားများကို အော်ဟစ်ဆဲဆို ရန်စခဲ့တဲ့ အတွက် ရုန်းရင်း
ဆန်ခက် ဖြစ်ပွားခဲ့ပါတယ်။
Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။