Thursday, May 24, 2012

 ပြည်တွင်းအန်ဂျီအိုအဖွဲ့ ရှစ်ဖွဲ့ပူးပေါင်း၍ ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် အမျိုးသမီးနှင့် အမျိုးသားတို့၏ လူမှုဘ၀သက်ရောက်မှု အကြောင်း လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည်



586
ဗန်းမော်မြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းတစ်ခုကို ၂၀၁၁ ခုနှစ် ကုန်ပိုင်းက တွေ့ရစဉ်

ပြည်တွင်းအန်ဂျီအို အဖွဲ့ရှစ်ဖွဲ့ ပူးပေါင်းကာ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် ပဋိပက္ခကြောင့် အမျိုးသမီးနှင့် အမျိုးသားတို့၏ လူမှုဘ၀ သက်ရောက်မှုများကို လေ့လာဆန်းစစ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

လူမှုဘ၀ သက်ရောက်မှု လေ့လာဆန်းစစ်မှု ပြုလုပ်မည့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့ ဖြစ်ပြီး လာမည့် ဇွန်လဆန်းပိုင်းမှ စတင်ကာ တစ်လကြာ လေ့လာဆန်း စစ်မှုများပြုလုပ်သွားမည်ဟု သိရှိရပါသည်။
“ပဋိပက္ခဖြစ်နေတဲ့၊ ဖြစ်ခဲ့တဲ့ နေရာဒေသတွေဟာ အထူးအလေးထား ကိုင်တွယ်ရမယ့် ဒေသတွေဖြစ်ပါတယ်။ ပဋိပက္ခအလွန်ပြန်လည် ထူထောင်ရေး(Post Conflict Reconstruction) လုပ်ငန်းတွေလုပ်တဲ့ အခါမှာ Gender အမြင်ကိုလည်း ထည့်သွင်းစဉ်းစားနိုင်မှုကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ပဋိပက္ခ ကြောင့် အမျိုးသမီးနဲ့အမျိုးသားတို့ရဲ့ Gender Impact ကို လေ့လာဆန်းစစ်မှုတွေ လုပ်သွားဖို့ စီစဉ်တာပါ။ လေ့လာဆန်းစစ်မှုတွေ ပြီးသွားလို့ရလာတဲ့ ရလဒ်တွေကို Laws Maker တွေ၊ သက်ဆိုင်ရာ လွှတ်တော်အမတ်တွေနဲ့ လူထုကိုချပြသွားမှာ ဖြစ်ပါတယ်” ဟု ယင်းအစီအစဉ်ကို ဦးဆောင်ပြုလုပ်မည့် Gender and Development Initiative Myanmar  မှ တာဝန်ရှိသူက ဆိုသည်။
လက်ရှိဖြစ်ပျက်နေသည့် ပဋိပက္ခများကြောင့် အမျိုးသမီးနှင့်အမျိုးသားများ အပေါ်တွင် မည်သို့သက်ရောက်မှု ရှိသည်၊ အမျိုးသမီးများတွင် မျိုးဆက်ပွား ကျန်းမာရေးများနှင့် ပတ်သက်သည့် ဆောင်ရွက်မှုများ၊ အမျိုးသားများ၏ ပဋိပက္ခကာလအတွင်းနှင့် ကာလအပြီးတွင် ရှင်သန်နေထိုင်မှုပုံစံနှင့် Gender အခြေပြု အကြမ်းဖက်ခံရခြင်း အစရှိသည့် အချက်များကို အခြေခံကာ လေ့လာဆန်းစစ်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။