ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်၊အမှတ်
(၂)ရပ်ကွက် မင်းလမ်းရှိ သာသနာပိုင်မြေဟု သတ်မှတ်ထားသောနေရာ တွင်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမှ ရုံးခန်းတည်ဆောက်မှုပြုလုပ်နေကြောင်း
မြန်မာ-မွတ်စလင်အကျိုးတော်ဆောင်များထံက သိရှိရသည်။
“ရုံးခန်းကို
(၁၄)ရက်နေ့ ကတည်းက လာဆောက်နေတာ။ ဒီမြေကို စည်းမျဉ်းနဲ့
ကန့်သတ်ပေးထားပြီဆိုရင် ဘုရားမြေဖြစ်တယ်။ အခွန်ကင်းလွတ်တယ်။ အဲ့ဒီ
နေရာမှာလည်း ဘယ်သူမှ ဘာမှလာ ဆောက်လို့ မရဘူး။ ကျွန်တော်တို့အနေနဲ့
မြို့နယ်စည်ပင်ကိုလည်း အကြောင်းကြားတယ်။
ခရိုင်ရုံးတွေ၊အာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း အကြောင်းကြားထားပါတယ်”ဟု
မြန်မာ မွတ်စလင်အကျိုးတော်ဆောင်အဖွဲ့မှ ကိုရဲဝင်းကပြောသည်။
အဆိုပါ
မြေနေရာသည် ဧက(၀.၄၄) ကျယ်ဝန်းပြီး-၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် စည်ပင်သာယာရေး
ကော်မတီမှ ချုံနွယ်များရှင်းလင်းကာ ရေမြောင်းများတူးဖော်၍
ခြံစည်းရိုးခတ်ခြင်းအား ခွင့်ပြုခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကို
မြို့နယ်စည်ပင်က သာသနာပိုင်မြေ ဖစ်တယ်။ ခြံစည်းရိုးခတ်လို့ ပြောတယ်။
သွားခတ်တော့ မြို့နယ်က ကျနော်တို့ကို လာတားတယ် ခြံစည်းခတ်လို့
မရဘူးလို့ပြောတယ်။ အဲဒီကနေ အဆင်ဆင့် တားမြစ်တယ်။ ဘာကြောင့်လဲလို့မေးတော့
ဘာမှမဖြေဘူး။” ဟု မြန်မာ မွတ်စလင်အကျိုးတော်ဆောင်အဖွဲ့မှ
ကိုသန်းထိုက်အောင်က ပြောသည်။
အဆိုပါ
သာသနာပိုင်မြေပေါ်သို့ လာရောက်၍ ရုံးခန်းဖွင့်လှစ်ခြင်းအား မပြုလုပ်ရန်
မြန်မာ မွတ်စလင် အကျိုး တော်ဆောင်များအသင်းမှ နိုင်ငံတော်သမ္မတထံနှင့်
နေပြည်တော်ရှိ ၀န်ကြီးဋ္ဌာနများသို့ စာ တင်ထားကြောင်းကိုလည်း သိရှိရသည်။
“ကျွန်တော်က
ဒီကိုပြောင်းလာတာ သိပ်မကြာသေးပါဘူး။ အကျိုးအကြောင်းကို စုံစမ်းပြီးတော့
အထက်ကို တင်ပြပေးပါမယ်။ ချက်ချင်းကြီး မဖြေရှင်းပေးနိုင်တာကိုတော့
တောင်းပန်ပါတယ်။”ဟု ခရမ်းမြို့နယ်အုပ်ချုပ်ရေးမူးရုံးမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ မြေနေရာသည်အား ၁၉၉ရခုနှစ်တွင် ဦးအလီက မဟာဗေဒင်သာသနာမြေအဖြစ် လျှောက်ထားခဲ့ကြောင်း စာချုပ်ပါအချက်အလတ်များအရ သိရှိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။