မြန်မာရေလုပ်သားများအိန္ဒိယရေပိုင်နက်အတွင်း ပင်လယ်မျှော့ဖမ်းဆီးမှုပြုလုပ်ပါက အိန္ဒိယနိုင်ငံ၏ ဥပဒေအရ ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း မြန်မာ-အိန္ဒိယနယ်စပ်နယ်ဘက်အာဏာပိုင်များ၏ (၁၇)ကြိမ်မြောက် နိုင်ငံတော်အဆင့်အစည်းအဝေးထုတ်ပြန်ချက်အရ သိရှိရသည်။
ပယ်လယ်မျှော့(
Sea Cucumber ) များအား ဖမ်းဆီးလျှင် အိန္ဒိနိုင်ငံ၏
သဘာဝတောရိုင်းတိရစ္ဆာန်ကာကွယ်ရေး အက်ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း
အဆိုပါအစည်းအဝေးတွင် အိန္ဒိယနိုင်ငံကိုယ်စားလှယ်အဖွဲ့က အကြံ ပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံက ရေလုပ်သားတွေ ပင်လယ်မျှော့ဖမ်းရင် အန္ဒိယရေပိုင်နက်ဘက်မှာ ပိုများတော့
အဲ့ဒီဘက်မှာ သွားဖမ်းကြတယ်၊ အရင်တုန်းက သူတို့ကို ဖမ်းမိရင်လည်း ထောင်ခြောက်လလောက်ပဲကျတော့
သူတို့က မမှုကြဘူး၊ အခုတော့ ဖမ်းမိရင်ပြင်းပြင်းထန်ထန်အရေးယူမယ်ပြောနေပြီ ” ဟု မြန်မာနိုင်ငံငါးလုပ်ငန်း
အဖွဲ့ချုပ် အတွင်းရေးမှူးဦးဝင်းကြိုင်က ပြောသည်။
အဲ့ဒီဘက်မှာ သွားဖမ်းကြတယ်၊ အရင်တုန်းက သူတို့ကို ဖမ်းမိရင်လည်း ထောင်ခြောက်လလောက်ပဲကျတော့
သူတို့က မမှုကြဘူး၊ အခုတော့ ဖမ်းမိရင်ပြင်းပြင်းထန်ထန်အရေး
အဖွဲ့ချုပ် အတွင်းရေးမှူးဦးဝင်းကြိုင်က ပြောသည်။
ပင်လယ်မျှော့များမှာ အိန္ဒိယရေပိုင်နက်အတွင်းရှိ အက်ဒမန်ကျွန်းစုအနီးတွင် ပေါများသောကြောင့် မြန်မာရေ လုပ်သားအများစုမှာ အဆိုပါကျွန်းအနီးတ၀ိုက်တွင် သွားရောက်ဖမ်းယူလေ့ရှိကြောင်းသိရသည်။
ပင်လယ်မျော့ခြောက်
တစ်ပိသာလျင် ကျပ်- ခုနှစ်သောင်းမှ နှစ်သိန်းအထိ ဈေးရှိကြောင်းကိုလည်း
ရေထွက် ကုန်ပစ္စည်းတင်ပို့သူတစ်ဦးထံက စုံစမ်းသိရှိရသည်။
ပင်လယ်မျှော့တစ်ခါဖမ်းလျှင် လေးငါးရက်ခန့်ကြာပြီး၊ တရုတ်ပြည်မှပြန်ဝယ်သောကြောင့် ရေလုပ်သား
တစ်ယောက်အတွက် တစ်ခေါက်လျှင် ကျပ်သိန်းနှစ်ဆယ်ခန့်ရရှိကြောင်းကိုလည်း ရေလုပ်သားများက ဆိုသည်။
တစ်ယောက်အတွက် တစ်ခေါက်လျှင် ကျပ်သိန်းနှစ်ဆယ်ခန့်ရရှိကြောင်
“ရေလုပ်သားတွေက ရေပိုင်နက်တွေကို မသိကြဘူး သူတို့က ပိုက်ဆံရမယ်ဆိုရင် အသက်တောင်စွန့်ပြီး
ပင်လယ်ထဲထွက်ကြတာ၊ သူတို့စက်လှေတွေက သင်္ဘောတွေလို ရေဒါတွေလည်း မပါဘူး၊ ကြယ်တွေကြည့်ပြီး
သွားကြတယ် တချို့လည်း ပြန်လာတယ်၊ တချို့လည်း ပြန်မလာကြဘူး၊ ကျွန်တော်တို့ တက်နိုင်သလောက်
အသိပေးရပါမယ်” ဟု မြန်မာရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ အတွင်း ရေးမှူး ဦးထွန်းအေးက ပြောသည်။
ပင်လယ်ထဲထွက်ကြတာ၊ သူတို့စက်လှေတွေက သင်္ဘောတွေလို ရေဒါတွေလည်း မပါဘူး၊ ကြယ်တွေကြည့်ပြီး
သွားကြတယ် တချို့လည်း ပြန်လာတယ်၊ တချို့လည်း ပြန်မလာကြဘူး၊ ကျွန်တော်တို့ တက်နိုင်သလောက်
အသိပေးရပါမယ်” ဟု မြန်မာရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း
အိန္ဒိယနိုင်ငံအနေဖြင့်
ပင်လယ်မျှော့ဖမ်းဆီးသော ရေလုပ်သားများအား ယခင်က လူတစ်ဦးလျှင်
ထောင်ဒဏ် (၆)လ ချမှတ်ခဲ့သော်လည်း၊ ယခုအချိန်တွင်
ဖမ်းမိလျှင် လူတစ်ဦးလျင် အနည်းဆုံးထောင်ဒဏ်(၆)နှစ်အထိ ကျခံရနိုင်ကြောင်း
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူးဦးဝင်းကြိုင်ထံမှ သိရှိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။