အစိုးရက နိုင်ငံတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်မည်ဟု ကတိပြုနေသော်လည်း ကရင် ပြည် နယ် အတွင်းရှိ မိသားစုများ၏ သုံးပုံ တပုံခန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရဆဲဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တဖွဲ့က ထုတ်ဖော် ပြောကြား လိုက်သည်။
Thursday, August 30, 2012
ဦးပိုင် ရှင်းလင်းချက် မပြည့်စုံဟု ကြေးနီစီမံကိန်း ယာသိမ်းခံများ တုံ့ပြန်
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက် သိမ်းမြေများနှင့်ပတ်သက်၍ မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်နှင့် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌတို့၏ ဖြေရှင်းချက်များမှာ ယာသိမ်းခံတောင်သူများ၏ နစ်နာမှုများကို လျစ်လျူရှု ခဲ့ကြောင်း မူရင်းယာပိုင်ရှင်များက ပြောသည်။
ဒုက္ခသည်များအတွက် အကူအညီ စစ်သင်္ဘောဖြင့် ပို့မည်
မလေးရှားနိုင်ငံ အန်ဂျီအို တစ်ခုမှ မြန်မာ မွတ်ဆလင် ဒုက္ခသည်များ အတွက် အကူအညီများကို ဘင်္ဂလာဒေခ်ျ့သို့ စစ်သင်္ဘော တစ်စီးဖြင့် ပို့ဆောင်ပေးမည်ဟု ဆိုသည်။
မြန်မာ-ဘင်္ဂလားဒေ့ခ်ျ ပတ်စ်ပို့ဖြင့် နယ်စပ် ဖြတ်ကျော် ခရီးသွားလာခွင့် ပြန်လည် ဖွင့်လှစ်
ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူအကြမ်း ဖက်မှုကြောင့် သုံးလကြာ ပိတ်ထားခဲ့ရသော မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ် ပတ်စ်ပို့ဖြင့် နေ့ချင်ပြန် နိုင်ငံ ဖြတ်ကျော်သွားလာခွင့်ကို ယမန်နေ့ သြဂတ်(စ်)လ ၂၈ ရက်နေ့က ပြန်လည် ဖွင့်လှစ် လိုက်ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။
ပြည်ပရောက် မြန်မာ ပညာရှင် များကို အမြဲတမ်းနေထိုင် ခွင့်ပေးရန် သမ္မတ စဉ်းစား
ပြည်ပရောက် မြန်မာပညာ ရှင်များ မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်နိုင်စေရန် ၎င်းတို့ကို မြန်မာနိုင်ငံသား အဖြစ် ပြန်လည် မခံယူသေး ပါကလည်း အမြဲတမ်းနေထိုင်ခွင့် (PR-Permanent Resident) ကဲ့သို့ ပုံစံမျိုးဖြင့် ခွင့်ပြုရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စဉ်းစားနေကြောင်း သတင်းရရှိသည်။
နိုင်ငံခြားမှ ဆက်သွယ်ရေး ဂြိုဟ်တု ငှားသုံး မသုံး ဈေးနှုန်းပေါ် မူတည်
ဆက်သွယ်ရေး ဆိုင်ရာ ဂြိုဟ်တု ငှားရမ်း သုံးစွဲနှုန်း အပေါ် မူတည်ပြီး ငှားရမ်းခြင်းပြု မပြုကို ဆုံးဖြတ်သွားမည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။ ''ဈေးချိုရင်တော့ ၅ နှစ်စာ ချုပ်ပြီး ငှားရမ်းသုံးစွဲသွားမှာပါ။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ် ဆိုရင် ငှားသုံးမယ်။ အကျိုးမရှိဘူး ထင်ရင်တော့ သုံးစွဲသွားမှာ မဟုတ် ပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦး က ပြောသည်။
၅ဝဝဝတန် အတု သိန်းတစ်ရာကျော် ဖမ်းဆီးရမိ

မြန်မာ ကျပ်ငွေ သိန်းတစ် ရာ ကျော် တန်ဖိုးရှိ ငွေစက္ကူ ကျပ် ၅ဝဝဝ တန် အတုများ သယ်ဆောင် လာသူ အမျိုးသမီး တစ်ဦးအား တောင်ကြီးမြို့နယ် ဟိုမိန်းဒေသ တွင် ဒေသခံပြည် သူ့စစ်အဖွဲ့တစ်ဖွဲ့ က သြဂုတ်လ ၂၄ ရက်တွင် ဖမ်း ဆီးရမိခဲ့သည် ဟု
သိရသည်။
သန်းခေါင် စာရင်း ကောက်ယူရာတွင် လူမျိုးစု အားလုံး ပါဝင်ရန် အရေးကြီး ဟုဆို
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်တို့ နှင့် နေပြည်တော်တွင် သြဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံခဲ့သော ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ အဖွဲ့ (UNFPA) အမှုဆောင် ဒါရိုက်တာ Dr.Babatunde Osotimehin က သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးစု အားလုံးပါဝင်ရန် အရေးကြီးကြောင်း ထုတ်ပြန်ပြောကြားသည်။
ပခုက္ကူမြို့တွင် အုပ်စု ဖွဲ့ရမ်းကားမှု တစ်ခုဖြစ်ပွား

ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲ အချိန် ခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက် အတွင်း ၀င်ရောက်ကာ ၄င်းရပ်ကွက်အတွင်းတွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေးဆိုင်အချို့ရှိ ပစ္စည်းများကို ဖျက်စီးခြင်း ၊နေအိမ်များကို ခဲဖြင့် ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်း မှုြ
ဖစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရခိုင်အကြမ်းဖက်သူများကို စားသောက် ကုန်များ ထောက်ပံ့သည်ဟုဆိုကာ ဓားဖြင့် ထိုးသတ်
ရခိုင်ပြည်နယ် မြောက်ဦး မြို့ နယ် အတွင်း ရန်ကုန်-စစ်တွေ လမ်းဘေး လောင်းကြက်ကျေးရွာတွင် ဆူပူအကြမ်းဖက် သူများကို စား သောက်ကုန် များ ထောက်ပံ့ပေး သည်ဟုစွပ်စွဲကာ ဓားဖြင့် ထိုးသတ် မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရခိုင် ပြည်နယ်အစိုးရရုံးမှ သိရသည်။
ဆမ္မဆယ်လမ်းကြောင်းမှ တစ်နေ့လျှင်နွားကောင်ရေ တစ်ထောင်ဝန်းကျင် တရုတ်သို့တင်ပို့နေ
ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုနယ်ဆမ္မဆယ်ကျေးရွာမှတဆင့် တရုတ်ပြည်သို့ နွားကောင်ရေတင်ပို့မှုများရှိ နေရာ တစ်နေလျှင် နွားကောင်ရေ(၁၀၀၀)၀န်းကျင် တင်ပို့နေသည်ဖြစ်၍ နွားမျိုးပြုန်းတီးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ဆန်ဈေးတည်ငြိမ်စေရန် အရန်ဆန်တန်ချိန်ငါးထောင် ချရောင်းမည်
ပြည်တွင်းဆန်ဈေးကွက်တွင်း ဆန်ဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ အသင်းမှ အရန်ဆန်တန်ချိန်ငါးထောင်ဈေးကွက်တွင်း ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
CDMA ဖုန်းများပါ ဖုန်းသံစဉ် ရတော့မည်
မိမိ၏ မိုဘိုင်းဖုန်းသံစဉ် My Ring Tune စနစ် ထည့်သွင်းအသုံးပြုခွင့်ကို CDMA ဖုန်းများပါ အသုံးပြုနိုင်ရန် ၀န်ဆောင်မှုပေး မည်ဖြစ်ကြောင်း Fortune International ကုမ္ပဏီက သိရသည်။
ဖုန်းခေါ်ဆိုရာတွင် သာမာန်ဖုန်းမြည်သံအစား မိမိထည့်သွင်း အသုံးပြုလိုသည့် သီချင်းသံကို ပြောင်းလဲ ထားသော My Ring Tuneစနစ်တစ်ခုဖြစ်ပြီး လက်ရှိတွင် အဆိုပါစနစ်ကို ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းများနှင့် ကမ်းရိုးတန်း WCDMA ဖုန်းများတွင်သာ အသုံးပြုနေခြင်းဖြစ်သည်။
အကြီးမားဆုံးသော အစိုးရအဖွဲ့ပြောင်းလဲမှုအပေါ်တွင် ပြည်သူဘက်က အကောင်းမြင်
နိုင်ငံတော် သမ္မတကြီးမှ ပြည်ထောင်စု ဝန်ကြီးနှင့်ဒုတိယဝန်ကြီး အသစ်များအား ပြောင်းလဲခန့်အပ်သည့် အပေါ်တွင် ပြည်သူအကျိုးအတွက် အမှန်တကယ်ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသဖြင့် ကြိုဆိုကြောင်း ပြည်သူများက ဆိုသည်။
ဂျပန်ကလပ်အသင်းများတွင် မြန်မာများ လေ့ကျင့်ကစားရန် သဘောတူ
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ ဘောလုံး အားကစားသမား လူငယ်များကို ဂျပန် ကလပ် အသင်းများ၊ ဂျပန် လူငယ်အသင်းများတွင် သွားရောက်ကစားလေ့ကျင့်နိုင်ရန် မြန်မာ နေရှင်နယ်လိဂ် နှင့် ဂျပန်ဘောလုံးလိဂ် J-League တို့ တနင်္လာနေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် စာချုပ် ချုပ်ဆိုခဲ့ကြသည်။
Subscribe to:
Posts (Atom)