ရှမ်းပြည်နယ်တွင်း
စစ်ပွဲများဖြစ်ပွားနေခြင်းကြောင့်ဒေသခံပြည်သူများ စီးပွားရေးကျပ်တည်းကာ
ကာလတိုနှင့် လအနည်းငယ်အတွင်း အလွယ်တကူ ငွေရရှိသည့်ဘိန်းစိုက်ပျိုးမှုများ
လုပ်ကိုင်လာ ခြင်းဖြစ်ကြောင်း ဦးခွန်ဆိုင်က ဆိုလိုခြင်းဖြစ်သည်။
Thursday, June 28, 2012
ဆိုင်ကယ်တက္ကစီးများအား ခွင့်ပြုသင့်ကြောင်း ဒေသခံများပြောဆို
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်ရှိ
ဆင်ခြေဖုံးရပ်ကွက်များတွင် ဆိုင်ကယ်မစီးရဟု တားမြစ်ချက် ရှိနေသော်လည်း
သွားရေးလာရေးလွယ်ကူစေရန် ဆိုင်ကယ်တက္ကစီများအား အားထားနေရဆဲဖြစ်ကြောင်း
ဆင်ခြေဖုံးရပ်ကွက်နေပြည်သူများထံက သိရှိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရေဘေးသင့်ဒုက္ခသည်များပါ ထပ်တိုးလာ
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများဖြစ်သော
ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များ၌ ရေကြီးရေလျှံမှု
များဖြစ်ပေါ်ခဲ့သောကြောင့်  ဒုက္ခသည်ဦးရေ ပိုမိုများပြားလာ ကြောင်းသိရသည်။
ဧရာဝတီမြစ်ရေ ကျသော်လည်း နေရပ်ပြန်နေထိုင်၍ မရသေး
ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေမှာ ယနေ့စတင်လျှော့ကျနေသော်လည်း
မြစ်ကမ်းတစ်လျှောက်ရှိ ဒေသခံများမှာ မိမိတို့ နေအိမ်တွင် နေထိုင်၍မရသေးဘဲ
ရေဘေးကင်းရာ နေရာများသို့ ရွေ့ပြောင်းနေထိုင်နေရကြောင်း သိရှိရသည်။
ပျောက်သွားသော စည်ပင်သာယာပိုင် အမှိုက်ပုံး ရွှေတောင်ကြားတွင် ပြန်လည်တွေ့ရှိ
ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊အ.ထ.က(၂)ဗဟန်းကျောင်းရှေ့တွင်ထားရှိရင်း
ပျောက်ဆုံးသွားသော အဖိုးတန်အမှိုက်ပုံးအသစ်တစ်လုံးအား
ရွှေတောင်ကြားလမ်း(၁)ရပ်ကွက်တွင် ဇွန်လ (၂၅)ရက်နေ့က
ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရှိရသည်။
ဒေါနတောင်ကျရေ အရှိန်ကြောင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာပြီး လှိုင်းဘွဲ-ဘားအံ ချိတ်ဆက် ဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့ရာ ကုန်စည်စီဆင်းမှု ယာယီပြတ်တောက်မှု ဖြစ်ပေါ်
ဘေလီသံပေါင်တံတား ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေလျှံတက်ကာ မြို့နယ်အချို့သို့ ရေ၀င်ရောက်၊ ပုဏ္ဏားကျွန်းမြို့နယ်သို့လည်း လေဆင်နှာမောင်း ၀င်ရောက်တိုက်ခိုက်ခဲ့
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့်
မြစ်ရေလျှံတက်လာပြီး ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်မြို့နယ်များရှိ
ရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာခဲ့၍ ဇွန်လ ၂၇ ရက်နေ့ နံနက် ၃
နာရီမှစ၍ ရေမြုပ်ရပ်ကွက်များရှိ ဒေသခံများ ရေလွတ်ရာနေရာသို့
ပြောင်းရွှေ့နေရကြောင်း သိရသည်။
ဘူးသီးတောင်မြို့ရှိ မြို့မဈေးကို ယာယီပိတ်ထားရပြီး ဘူးသီးတောင်ဆေးရုံရှိ လူနာများအား အ.လ.က... (၁)ကျောင်းသို့ ပြောင်းရွှေ့နေရာချထားရကြောင်း၊ အဆိုပါကျောင်းတွင် ရေဘေးသင့် အိမ်ထောင်စု ၄၀ ကျော် လူဦးရေ ၁၀၀ ကျော် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့ရှိ မြို့မဈေးကို ယာယီပိတ်ထားရပြီး ဘူးသီးတောင်ဆေးရုံရှိ လူနာများအား အ.လ.က... (၁)ကျောင်းသို့ ပြောင်းရွှေ့နေရာချထားရကြောင်း၊ အဆိုပါကျောင်းတွင် ရေဘေးသင့် အိမ်ထောင်စု ၄၀ ကျော် လူဦးရေ ၁၀၀ ကျော် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကို တိုင်းရင်းသား ညီနောင်ပါတီ ခြောက်ခုဖြင့် ဖွဲ့စည်း
ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ(Peace Process Committee)ကို
တိုင်းရင်းသားညီနောင်ပါတီ ခြောက်ခုက ဇွန်လ ၁၅ရက်နေ့နှင့် ၁၆ ရက်နေ့တွင်
ပြုလုပ်ခဲ့သော ညီနောင်ခြောက်ပါတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်
ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မှတ်ပုံတင် သက်တမ်းကုန်ဆုံးချိန်တွင် ထပ်မံ သက်တမ်းတိုးမြှင့်ခြင်း မရှိသည့် ကုမ္ပဏီ ၁၇၀၀ကျော်ကို ဖျက်သိမ်းသွားမည်
မှတ်ပုံတင် သက်တမ်းကုန်ဆုံးချိန်တွင်
ထပ်မံသက်တမ်းတိုးမြှင့်ခြင်းမရှိသည့် ကုမ္ပဏီ ၁၇၀၀ကျော်ကို
ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းကို အားပေး ထောက်ခံသွားမည်ဟု ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ် ပြောကြား
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်တို့
ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Elysee နန်းတော်၌ ဇွန်လ ၂၆ ရက်နေ့က ပူးတွဲ
သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)
ကချင် စစ်ဘေးရှောင်များကို တရုတ်ကူညီပေးနေဟုဆို
ရန်ကုန် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံလာသည့်
မြန်မာနိုင်ငံသားများကို အကူအညီများပေးနေပြီး မြန်မာနိုင်ငံဘက်သို့ အဓမ္မပြန်လွှတ်ခြင်းမရှိဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံသားများကို အကူအညီများပေးနေပြီး မြန်မာနိုင်ငံဘက်သို့ အဓမ္မပြန်လွှတ်ခြင်းမရှိဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ပြောဆိုလိုက်သည်။
NLD လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ပြန်ရောက်မှ ဖွဲ့စည်းမည်
ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် လွှတ်တော်နှင့် ပတ်သက်သော အရေးကိစ္စများ
ဆွေးနွေးညှိနှိုင်းရန်အတွက် ကော်မတီကို ဥရောပနိုင်ငံများသို့ ခရီးလှည့်လည်နေသော
ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်မှ ဖွဲ့စည်းမှာ ဖြစ်ကြောင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ပြော
သည်။
ဆွေးနွေးညှိနှိုင်းရန်အတွက် ကော်မတီကို ဥရောပနိုင်ငံများသို့ ခရီးလှည့်လည်နေသော
ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်မှ ဖွဲ့စည်းမှာ ဖြစ်ကြောင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ပြော
သည်။
Subscribe to:
Posts (Atom)

