Saturday, August 25, 2012

(၈)လအတွင်း ဒုတိယအကြိမ် ရွှေဈေးအမြင့်ဆုံးရောက်ရှိ


ပြည်တွင်းရွှေဈေးကွက်၌ (၈)လတွင်း ကမ္ဘာ့ရွှေဈေးအတက်အကျဖြစ်မှုနှင့်အတူဒုတိယအကြိမ်အမြင့်ဆုံးသို့ပြန်လည်ရောက် ရှိလာကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံက သိရှိရသည်။


“ရွှေဈေး အတက်အကျက ခန့်မှန်းရခက်နေတယ် ဒါပေမယ့် လက်ရှိအနေအထားအရတော့ချက်ခြင်းကြီး ပြန်ပြီးတော့ကျမယ့် အနေအထား မဟုတ်ဘူး။ ဖြစ်နေတာကကျွန်တော်တို့ နိုင်ငံတစ်ခုတည်းမဟုတ်ဘူး။ အနောက်နိုင်ငံကြီးတွေမှာလည်း
ရွှေဈေးကော၊ ရေနံဈေး တွေကော အဲဒီလိုအပြောင်းအလဲဖြစ်နေတာ။ အခုချိန်မှာရွှေအရောင်းအဝယ်သမားတွေ အနေနဲ့ ရွှေပက်ကား ရောင်းဝယ်တာမျိုးမလုပ်သင့်ဘူး”ဟုရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ၎င်း၏ အမြင်ကို ပြောသည်။

ပြည်တွင်းရွှေဈေးကွက်နှင့် ကမ္ဘာ့ရွှေဈေးကွက်တွင်း ၂၀၁၂ခုနှစ်နှစ်ဆန်းပိုင်းမှ နှစ်လယ်ပိုင်းအထိ နှစ်ကြိမ်
အမြင့်ဈေးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။


ကမ္ဘာ့ရွှေဈေးကွက်တွင် ၂၀၁၂ခုနှစ် မတ်လပိုင်း၌ ရွှေတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ (၁၇၀၀)သို့ရောက် ရှိခဲ့ပြီး ပြည်တွင်းရွှေဈေးကွက်၌တစ်ကျပ်သားလျှင် ကျပ် ၇၆၀၀၀၀ ဈေးနူန်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


“၈လတွင်း ရွှေဈေးပြန်တက်လာတယ်။ အခုတစ်ခေါက်တက်တာက ပြီးခဲ့တဲ့ တစ်ခေါက်ကိုတော့ မကျော်ပါဘူး။ ဒီလိုအချိန်မျိုးမှာ ရွှေဘက်မှာ ရင်းနှီးထားတဲ့စီးပွားရေးသမားကြီးတွေက ဈေးကစားတဲ့သဘော မျိုးလုပ်ကြ တယ်။ အခုဆိုအခေါက်တစ်ကျပ်သားကို ငါးထောင်၊ တစ်သောင်းလောက် အပြောင်းအလဲဖြစ်နေတယ်” ဟု
ရတနာ ရွှေဆိုင်ကြီးမှ ဦးအောင်မြင့်က ပြောသည်။

သြဂုတ်လကုန်ပိုင်းတွင်လည်း ကမ္ဘာ့ရွှေဈေးကွက်၌ တစ်အောင်စလျှင်အမေရိကန်ဒေါ်လာ (၁၆၇၀.၆၀)သို့ ရောက်ရှိပြီး   ပြည် တွင်းရွှေဈေး ကွက်၌တစ်ကျပ်သားလျှင် ကျပ် ၇၅၅၅၀၀ ဈေးရှိကာ ဈေးကွက်၌ (၈)လတွင်းဒုတိယအကြိမ်မြင့်  တက်ခြင်းဖြစ်ကြောင်း သိရသည်။


ကမ္ဘာ့ရွှေဈေးနှုန်း အတက်အကျ ဖြစ်ပေါ်နေချိန်တွင် ဈေးကွက်ကစားမှုကြောင့်ပြည်တွင်းရွှေဈေးနှုန်း အပြောင်းအလဲဖြစ်ပေါ် လာနိုင်ကြောင်း၊ဈေးကွက်မငြိမ်မသက်ဖြစ်လာနိုင်ကြောင်း၊  ထိခိုက်နစ်နာ မှုများရှိလာနိုင်ကြောင်း    စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင်သြဂုတ်လ(၂၄)ရက်နေ့က ကျပ် (၇၅၅၅၀၀)၀န်းကျင်ရှိကာ  မတ်လပိုင်းရွှေဈေးကွက်ဈေးနူန်းထက် မြင့်တက်လာနိုင်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များမှ ၄င်းတို့ အမြင်ကို ပြောသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။