Saturday, August 25, 2012

အဲကမ္ဘောဇ လေကြောင်းလိုင်းမှ(ATR)လေယာဉ်အမျိုးအစား လေယာဉ်မှာ မြိတ်မြို့မှအတက်တွင် လေယာဉ်အင်ဂျင်ထဲသို့ ဌက်တစ်ကောင်ဝင်သွားသောကြောင့် ခရီးစဉ် ရွေ့ဆိုင်းခဲ့ရကြောင်းသိရ



အဲကမ္ဘောဇလေကြောင်းလိုင်းမှ (ATR)လေယာဉ်အမျိုးအစားလေယာဉ်တစ်စင်းမှာမြိတ်မြို့လေဆိပ်မှ ၂၃.၈.၂၀၁၂ နံနက်ပိုင်းမှပျံသန်းရန် ထွက်ခွာစဉ်လေယာဉ်အင်ဂျင်ထဲသို့ ဌက်တစ်ကောင်ဝင်သွားသောကြောင့် ခရီးစဉ်ရွေ့ဆိုင်းခဲ့ရကြောင်းသိရသည်။    

မြိတ်လေဆိပ်မှ ကော့သောင်းမြို့သို့သွားရန်အတွက် လေယာဉ်ပြေးလမ်းတွင် အရှိန်ယူနေစဉ်အတွင်း လေယာဉ်အင်ဂျင်ထဲသို့ ဌက်တစ်ကောင်ဝင်သွားသောကြောင့် လေယာဉ်ပြေးလမ်းဆုံးမှ ပြန်လှည့်လာကာ ခရီးစဉ် ရွေ့ဆိုင်းလိုက်ရပြီးမြိတ်မြို့တွင် ညအိပ်ခဲ့ရကြောင်း သိရသည်။
''နံနက် ၉ နာရီလောက်မှာဖြစ်တာပါ။ ကော့သောင်းကိုအတက် လေယာဉ်ပြေးလမ်းမှာ ဌက်တစ်ကောင်ဝင်သွားလို့ ပြန်လှည့်ခဲ့ရပါတယ်။ ခရီးသည်တွေရော လေယာဉ်ရော ဘာမှ ထိခိုက်မှု မရှိပါဘူး။ ဒီနေ့ပဲ ဌက်ဝင်သွားတဲ့ အင်ဂျင်ကို လဲလှယ်တပ်ဆင်ပြီးသွားပါပြီ ရန်ကုန်မြို့ကနေ အင်ဂျင်လာပို့တဲ့လေယာဉ်နှင့် ပြန်ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ အင်ဂျင်လဲထားတဲ့လေယာဉ်ကိုတော့ စစ်ဆေးမှုတွေ သေချာအောင်လုပ်ပြီးမှ ပြေးဆွဲမှာပါ''ဟု မြိတ်လေဆိပ်တွင် တာဝန်ကျသူ တစ်ဦးမှ ပြောကြားခဲ့သည်။    

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။