Saturday, August 25, 2012

အင်တာနက်စမတ်တီဗီ အမျိုးအစား သစ်များ ပြည်တွင်း ဝင်ရောက်


အီလက်ထရွန်နစ် နည်းပညာ သစ်များ အပြင် ကွန်ရက်စနစ် သစ်များကို ထည့်သွင်း ထားသော အင်တာနက် အသုံးပြုနိုင်သည့် Smart TV များ ပြည် တွင်းဈေးကွက် သို့ အသစ်ထပ်မံဝင် ရောက်လာကြောင်း သိရသည်။

အသစ်ထပ်မံဝင်ရောက်လာသည့် တီဗီအမျိုးအစားများမှာ Panasonic အမှတ်တံဆိပ်ဖြစ်ပြီးLED TV များ၊ LCD TV များ၊ 3D Plasma TV များ နှင့်Smart TV များဖြစ်သည်။ ထို့ပြင်အိမ်တွင်းဖျော်ဖြေရေး ကဏ္ဍတွင် အသုံးပြုနိုင်သည့် Compact Stereo System များလည်းပါဝင် ကြောင်းသိရသည်။
အင်တာနက် ကြည့်နိုင်သည့်Smart TV များက အမျိုးအစားပိုများကြောင်းသိရသည်။ ၄င်း Smart TV များကိုTV အင်တာနက်အသုံးပြုနိုင်ပြီး Facebook စသည့် လူမှုကွန်ရက်များကိုပါ သုံးစွဲ နိုင်အောင် စီစဉ်ပေထားသည်။ ၄င်းတို့၏ ကွန်ရက်ချိတ်ဆက်မှုစနစ်တွင် မိုဘိုင်းကွန်ရက်ကို အသုံးပြုရမည်ဖြစ် ပြီး အချို့Smart TV များတွင် မိုဘိုင်း စနစ်ကို Build in ထည့်သွင်းထားသည်။
အချို့Smart TV များတွင် Adapter တပ်ဆင်၍ အသုံးပြုရမည် ဖြစ်သည်။ ယခုအချိန် ပြည်တွင်းဈေး ကွက်ဝင်ရောက်လာသည့် Panasonic TV များသည် ၂၀၁၂ ခုနှစ်တွင် ဖန်တီးထားသည့် နည်းပညာ သစ်များ ပါဝင်ကြောင်းသိရပြီး အင်တာနက် အသုံးပြုနိုင်သည့် Smart TV ၏ ထိန်းချုပ်မှုစနစ်ကို မိုဘိုင်းဖုန်း များနှင့် ထိန်းချုပ်၍ အသုံးပြုနိုင်သလို Touch Pad စနစ်များဖြင့်လည်း ထိန်းချုပ် အသုံးပြုနိုင်ကြောင်းသိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။