Saturday, August 25, 2012

ံပကစလစ်ဈေးမြင့်တက် လာမှုနှင့် အတူ “ဗ”အက္ခရာ ကားများပါ ဈေးမြင့်


အပ်ကားများ ဈေးကွက် အတွင်း တဖြည်းဖြည်း ရှားပါး လာမှုနှင့် အတူ စလစ်ဈေးနှုန်း များပါ တရိပ်ရိပ်မြင့် တက်လာမှုကြောင့် မကြာမီ အပ်နှံခွင့် ရတော့မည်ဟု သတင်းများ ထွက်ပေါ် နေသော “ဗ”အက္ခရာ အပ်ကားများ ပါ ဈေးကွက်အတွင်း အဝယ်လိုက် လာပြီး ဈေးနှုန်းများလည်း မြင့်တက် လာကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် “ပ”အက္ခရာ နှင့်အောက် စလစ်တစ်စောင်လျှင် ၇၅ သိန်း၊ လေလံကားစလစ် တစ်စောင် လျှင် သိန်း၈၀ နှင့် CNG စလစ်တစ် စောင်လျှင် ၈၅သိန်းအထိ ဈေးနှုန်း များ မြင့်တက်လာခဲ့သည်။
ယင်းကဲ့ သို့ စလစ်ဈေးနှုန်းများ မြင့်တက် လာသည်နှင့်အမျှ “ဗ” ၊ “ဘ”တို့ကဲ့သို့ အပ်ကားများ၏ ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာရာ လွန်ခဲ့သော နှစ်ပါတ်ခန့်က ကျပ်သိန်း၆၀ ဝန်းကျင် တွင်သာရှိခဲ့သော ယင်းကားများမှာ ယခုရက်ပိုင်းအတွင်း ကျပ်သိန်း၇၀ နားအထိ မြင့်တက်သွားခဲ့ကြောင်း သိရသည်။
ယင်းကားများ၏ ဈေးကွက်နှင့် ပတ်သက်၍ “ဗထက်ချိုင့် အက္ခရာ ကားတွေ အပ်နှံခွင့်ပေးတော့မယ် ဆိုပြီး ကောလာဟာလတွေကလည်း ထွက်နေတယ်။ က-ည-နကတော့ ဘာမှမထုတ်ပြန်သေးဘူး။ ဒါပေမယ့် ကားလောကမှာက အဲဒီလို သတင်း ထွက်ပြီးရင် တကယ်ဖြစ်တာက များတော့ ပိုက်ဆံရှိတဲ့သူတွေက “ဗ” အက္ခရာကားတွေကို ကြိုဝယ်ထားတဲ့ သဘောပဲ။
လက်ရှိဈေးကွက်ထဲမှာက အပ်ကားစလစ်တွေက မရှိသလောက် နည်းနေပြီဆိုတော့ စလစ်ဈေးတွေက ကိုင်ထားချင်လို့ ငွေမြှပ်ကြတဲ့ အနေ အထားမျိုးဖြစ်နေတယ်။ တကယ်တမ်း အပ်ခွင့်ရပြီဆိုရင်လည်း စလစ်ဈေးက ကျဖို့မမြင်ဘူး” ဟု ဟံသာဝတီ ကား ပွဲစားတန်းမှ ဝါရင့်ကားပွဲစား တစ်ဦးက ပြောသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။