Saturday, August 25, 2012

တစ်သိန်းတန်မိုဘိုင်းဖုန်းထွက်ရှိမည့် သတင်းမှာမဟုတ်ဟု အင်ဂျင်နီယာချုပ် အတည်ပြုပြောကြား


၂ဝ၁၂ခုနှစ်၊ စက်တင်ဘာလတွင် တစ်သိန်းတန်မိုဘိုင်းဖုန်းထွက်ရှိမည်ဆိုသည့်သတင်းမှာမဟုတ်မှန်ကြောင်း မြန်မာ့ဆက် သွယ်ရေး  လုပ်ငန်းက သိရှိရသည်။

''တစ်သိန်းတန်မိုးဘိုင်းဖုန်းထွက်မယ်ဆိုတာ မဟုတ်ပါဘူး'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။


တစ်သိန်းတန်မိုဘိုင်းဖုန်းများ ရောင်းချပေးမည်ဆိုပါက အစိုးရဝန်ထမ်းများသာမဟုတ်လျှင်ပဲ ပြည်သူများထံသို့ပါ   ရောင်းချပေးနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးဌာနမှ သိရှိရသည်။
 
အစိုးရဝန်ထမ်းဆိုတဲ့ အရေအတွက်က နည်းတယ် သူတို့တွေချည်းပဲရောင်းချပေးမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး အားလုံးကိုတစ်ပြေးညီတည်း ရောင်းချပေးသွားမှာပါ ကျွန်တော်တို့လည်း တစ်သိန်းတန်ဖုန်းကို မျှော်လင့်နေတာပဲလေ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှလက်ထောက်အင်ဂျင်နီယာချုပ် ဦးဒေဝကပြောသည်။

မကြာမီအချိန်ကာလတွင် မိုဘိုင်းဖုန်းများသည် ဈေးနှုန်းမြင့်တက်ရန် အစီအစဉ်မရှိပဲ ဈေးနှုန်းလျော့ကျနိုင်ဖွယ်သာ  ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အတည်ပြုပြောကြားခဲ့သည်။

'' ဖုန်းဈေးနှုန်းက တက်ဖို့တော့ မရှိပါဘူး ဈေးကျဖို့ပဲရှိတော့မှာပါ ဘယ်လောက်ထိကျနိုင်မလဲဆိုရင် တစ်သိန်းတန်ောင်း ပြီးရင်ငါးထောင်တန်ဖုန်းအထိ ဖြစ်လာနိုင်တယ် '' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ထောက်အင်ဂျင်နီယာချုပ်က ဆက်လက်ပြောဆိုခဲ့သည်။

ယခုလက်ရှိတွင် နှစ်သိန်းတန်မိုဘိုင်းဖုန်းများကို သန်း(၃ဝ)စီမံကိန်းအနေဖြင့် ရောင်းချပေးလျက် ရှိသော်လည်း ပြည်သူအချို့မှာ ငါးထောင်တန်ဖုန်းအထိ မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

''ဖုန်းတွေကတော့ သူသူကိုယ်ကိုယ်ကိုင်နေကြတာပဲ ဒါပေမဲ့ ထပ်စောင့်ကြည့်အုံးမယ် ဟို ဆယ်သိန်း၊ ငါးသိန်းလောက်ကနေ အခု ဖုန်း ဈေးက တဖြေးဖြေးကျနေတာ ၂သိန်းပဲရှိတော့တာဆိုတော့ နောင် ၁ သိန်းဖုန်း၊ ဒါမှမဟုတ် ၈သောင်းဖုန်း လည်း ဖြစ်လာနိုင်သေးတယ်“ ဟု ရန်ကုန် မြို့ခံတစ်ဦးက ပြောသည်။

ဂျီအက်စ်အမ် ၊ စီဒီအမ်အေ အစရှိသော မိုဘိုင်းဖုန်းအသုံးပြုခေါ်ဆိုမှုနှင့်ပတ်သက်၍ ပြည်သူအများစုမှာ တန်ဖိုးနည်းဖုန်းများ ကိုင်ဆောင်လိုသော်လည်း ဖုန်းခေါ်ရာတွင် ဆက်သွယ်ရေးအဆင်ပြေချောမွေ့ခြင်းကို ပိုမိုလိုလားကြကြောင်း ဖုန်းကိုင်ဆောင်အသုံးပြုသူများထံက သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။