Saturday, August 25, 2012

ဂျပန်နှင့် အိန္ဒိယနိုင်ငံများသို့ အလုပ်သင် ITဘွဲ့ရများ စေလွှတ်မည်


မြန်မာ လူငယ်များ အတွက် အထူးအ ခွင့်အရေး အနေဖြင့် ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ အလုပ်သင်အိုင်တီ ဘွဲ့ရများကို စေလွှတ် သွားမည်ဟု Better Life Acty ကုမ္ပဏီမှ သိရှိရ သည်။
Better Life Acty ကုမ္ပဏီ သည် ဂျပန်နိုင်ငံ၏ Acty System ကုမ္ပဏီနှင့် Better Life Education Center တို့မှ ပူးပေါင်းကူညီပံ့ပိုးမှုဖြင့် အိုင်တီပညာရှင်များကို မွေးထုတ်ပေး လျက်ရှိရာ ယခုအခါအိုင်တီပညာရှင် ဖြစ်လိုသူများကို ရွေးချယ်ခေါ်ယူတော့ မည်ဖြစ်သည်။
အမှတ်စဉ်၁ တွင် Training Programmer များကို ရွေး ချယ်ခေါ်ယူသွားမည်ဖြစ်ပြီး အမှတ် စဉ် ၂ အတွက် Senior Programmer သို့မဟုတ် အိန္ဒိယနိုင်ငံတို့တွင် အနည်း ဆုံး ၅ နှစ်တာကာလTraining ဆင်းရမည်ဖြစ်ပြီး အမှတ်စဉ် ၂ အတွက် အသက် ၃၀ နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး ပရောဂျက်ရေးသားမှု အတွေ့အကြုံရှိသူများ ဦးစားပေးမည် ဖြစ်သည်။
အသေးစိတ်အချက်အ လက်များ သိရှိလိုပါက Better Life Acty ကုမ္ပဏီ အမှတ် ၅၀၇၊ ငါးလွှာ၊ လပြည့်ဝန်းပလာဇာ၊ ဖုန်း-ဝ၁-၃၈၂ ၅၂၉ သို့ဆက်သွယ်နိုင်သည်။
-

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။