မြောက်ပိုင်းပြန် ကျောင်းသား ရဲဘော်ဟောင်းများက အဆိုပါ ဖြစ်ရပ်များ အတွက် လူပုဂ္ဂိုလ် ၁၃ ဦးအား စွပ်စွဲလိုက်သည် ABSDF (မြောက်ပိုင်း) စခန်းတွင် ၁၉၉၂ ခုနှစ်ဝန်းကျင်က ဖြစ်ပွားခဲ့သည့်ကိစ္စများနှင့် ပတ်သက်ပြီး တရား ဥပဒေကြောင်း အရ ဖြေရှင်း သွား မည်ဖြစ်ကြောင်း မြောက်ပိုင်းပြန် ကျောင်းသား ရဲဘော်ဟောင်းများက ပြောသည်။
Tuesday, September 11, 2012
အချိန်ပို သတ်မှတ်စည်းကမ်း မလိုက်နာ၍ စက်ရုံ ၁၀၀ ကျော်အား သတိပေးဟုဆို
စက်ရုံ၊ အလုပ်ရုံ လုပ်သားများ၏ သတ်မှတ် အချိန်ပို နာရီအပေါ် စည်းကမ်း လိုက်နာမှု မရှိသည့် စက်ရုံပေါင်း ၁၀၀ ကျော်အား သတိပေးလက်မှတ် ထိုးခိုင်း ထားကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစိစစ်ရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။ ယခင်က လုပ်သားများအား လုပ်ငန်း လိုအပ်ချက်အရ အချိန်ပိုနာရီအား တစ်ရက်လျှင် လေးနာရီဖြင့် အလုပ်ဆင်းစေခဲ့ပြီး သြဂုတ်လ လဆန်းပိုင်းမှစ၍ လက်ရှိ တည်ဆဲဥပဒေ (၁၉၃၅ ခုနှစ်ဥပဒေ) အတိုင်း တစ်ရက်လျှင် နှစ်နာရီ တစ်ပတ်လျှင် ၁၆ နာရီ အချိန်ပိုအား ပြန်လည် သတ်မှတ်ခဲ့သည်။
မွေထိုင်း ချန်ပီယံနှစ်ဦးနှင့် တွေ့မရှောင်၊ လုံးချောတို့ ယှဉ်မည်
အရှေ့ အာဖရိက မွေထိုင်းချန်ပီယံ ယူဂန္ဓာနိုင်ငံသား အူမာနှင့် ရွှေခါးပတ် ချန်ပီယံ တွေ့မရှောင်၊ နယူးဇီလန်နိုင်ငံ မွေထိုင်းချန်ပီယံ Erua Druce နှင့် မြန် မာပြည်ချန် ပီယံဟောင်း လုံးချောတို့ ပွဲစဉ်များ ပါဝင်သည့် နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို စက်တင်ဘာလ ၁၆ ရက်တွင် သိမ်ဖြူ အားကစားရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ကိုရီးယားသို့ ပြည်ဝင်ခွင့်မရသော မြန်မာ အလုပ်သမား ၇၀ ကျော်ရှိ
မြန်မာလုပ်သားများ ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရာ တွင် ပြည်ဝင်ခွင့် မရသော မြန်မာလုပ်သား ၇၀ ကျော်ရှိကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ အရာရှိတစ်ဦးက ပြောသည်။
ကိုရီးယားသို့ ပြည်ဝင်ခွင့်မရသော မြန်မာ လုပ်သားများမှာ ယခင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ခဲ့စဉ်၌ ဗီဇာသက်တမ်း ကျော်လွန်၍ တရား မဝင် နေထိုင်ခဲ့ကြပြီး ပြည်တွင်းသို့ ပြန်လည် ရောက်ပြီးနောက် အမည်၊ မွေးသက္ကရာဇ်တို့အား ပြောင်းလဲ၍ နိုင်ငံကူးလက်မှတ် အသစ်ဖြင့် အဆိုပါ နိုင်ငံသို့ ထပ်မံသွားရာ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေးဌာနက စစ်ဆေးတွေ့ရှိ၍ ပြန်လည် စေလွှတ်ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ “ဟိုနိုင်ငံရဲ့ လေဆိပ်ကျမှ Immigration ဖြတ်တော့မှ နဂိုက သူတို့ရဲ့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေ အားလုံးရှိတော့ ပြန်လွှတ်ခံရတာ။ လေဆိပ်ကပဲ ပြန်လာရတာ။ များသောအားဖြင့် ဟိုဘက်လေဆိပ်မှာ မိတာများတယ်” ဟု အထက်ပါ အရာရှိတစ်ဦးက ပြောသည်။ လက်ရှိ ကိုရီးယားနိုင်ငံသို့ ပို့ပေးထားသော မြန်မာလုပ်သား ၅၃၀၀ ကျော်ထဲမှ ပြည်ဝင်ခွင့်မရသဖြင့် ပြန်လည် စေလွှတ်ခံရသူ ၇၀ ကျော်ရှိခြင်းဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ဂျပန် အကူအညီဖြင့် ထပ်မံအဆင့်မြင့်မည်
ရန်ကုန်-မန္တလေး အဆင့်မြင့် လမ်းမကြီးကို အစီအစဉ်အတိုင်း ရှစ်လမ်း သွား လမ်းမကြီးအဖြစ် ဖောက်လုပ်ခြင်း၊ နိုင်လွန် ကတ္တရာ ထပ်ခင်းခြင်း၊ CCTV များ တပ်ဆင်ခြင်းနှင့် လမ်းမကြီးပေါ် ကျွဲ၊ နွားများ မတက်စေအောင် ခြံစည်းရိုး ခတ်ခြင်းများကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် လုပ်ဆောင် သွားရန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
“ဂြိုဟ်ပူးယှဉ်၍ စစ်ထိုးသည့်” ဖြစ်စဉ် ကြောင့် မုန်တိုင်းဖြစ်ပေါ်မည်
၆-၁၀-၂၀၁၂ ရက်တွင် ဗုဒ္ဓဟူး ဂြိုဟ်နှင့် စနေဂြိုဟ် ပူးယှဉ်၍ ဂြိုဟ်စစ် ထိုးသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပေါ် မည်ဖြစ်ကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုထံမှ ၂၈-၈-၂၀၁၂ ရက်တွင် သိရသည်။ဂျပန် အကြီးစား ကုမ္ပဏီသုံးခု သီလဝါ၌ ယန်းငွေ သန်း၃၀၀၀ကျော် ရင်းနှီး မြှုပ်နှံမည်
မြန်မာနိုင်ငံ၏ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း အထူး စီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှ အကြီးစား စက်မှုလုပ်ငန်းသုံးခုက ဂျပန်ယန်းငွေ သန်းပေါင်း ၃၀၆၂ သန်းကို ပါဝင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကုန်တင်ကုန်ချ မြန်မာလုပ်သား ထိုင်း နိုင်ငံက ကန်ဒေါ်လာ ၃၀ဝ ပေး၍ခေါ်
ထိုင်းနိုင်ငံရှိ သင်္ဘောကျင်း တွင် ကုန်တင်ကုန်ချ တာဝန်ထမ်း ဆောင်ရန် အတွက် မြန်မာလုပ်သား များအား ခေါ်ယူလျက် ရှိကြောင်း ကျောက်တံတား မြို့နယ် အခြေစိုက် မြန်မာလုပ်သား စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရသည်။
Civil ဘွဲ့ရ မြန်မာအင်ဂျင်နီယာ များအား ပရောဂျက် မန်နေဂျာ ရာထူးဖြင့် စင်ကာပူခေါ်ယူ
စင်ကာပူ နိုင်ငံတွင် မြန်မာ နိုင်ငံရှိ Civil ဘွဲ့ရ အင်ဂျင်နီယာ များအား Project Manager ရာထူး ဖြင့် တာဝန် ထမ်းဆောင်ရန် အလုပ် များ ခေါ်ယူ နေလျက် ရှိကြောင်း ကျောက်တံတား မြို့နယ် အခြေစိုက် Successive World Employment Agency မှ စုံစမ်း သိရသည်။
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ပုဂ္ဂလိက ကုမ္ပဏီလေးခု လုပ်ကိုင်ခွင့်ရရှိ
ဆက်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် စေရန်နှင့် ပြည်သူများ ဆက်သွယ်ရေး ကဏ္ဍ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအား ယခင်ပုဂ္ဂလိက ကုမ္ပဏီနှစ်ခု ကို လုပ်ကိုင်ခွင့်ပေးခဲ့ရာမှ ယခုအခါ Seperate Operator ကုမ္ပဏီနှစ် ခုအား ထပ်မံလုပ်ကိုင်ခွင့်ပေးသွား မည်ဖြစ်ေ ကြာင်း ဆက်သွယ်ရေး သင်တန်း ကျောင်းအုပ် ဆရာကြီး ဦးကျော်စိုးက Venus News Weekly သို့ အတည်ပြုပြောကြားသည်။
ပြင်ဦးလွင်နှင့် ပုသိမ်မြို့များတွင် နှစ်သိန်း ဖုန်းကို သုံးသိန်းဝန်းကျင်ဖြင့် ဝယ်ယူနေရ
မြန်မာနိုင်ငံရှိ နယ်မြို့များ ဖြစ်သော ပြင်ဦးလွင်နှင့် ပုသိမ်မြို့များ တွင် မြန်မာ့ ဆက်သွယ်ရေးမှ ငွေ ကျပ် နှစ်သိန်းနှင့် ရောင်းချ ပေးလျက် ရှိသည့် ဖုန်းများကို ကျပ် သုံးသိန်း ခန့်ပေး ဝယ်နေရသည်ဟု ပြင်ဦး လွင်နှင့်ပုသိမ်မြို့ရှိ ဒေသခံများ၏ ပြောကြားချက် များအရ သိရသည်။ ၄င်းနှစ်သိန်းဖုန်းများမှာ ဒေသ ရှိဆက်သွယ်ရေးရုံးများတွင် ဝယ် ယူ၍မရခြင်းကြောင့် အခြားမြို့များ မှမှာယူနေရခြင်းကြောင့် ဈေးနှုန်းများ ထက်ဝက်ခန့် မြင့်တက်နေရခြင်း ဖြစ်ကြောင်း ပြင်ဦးလွင် မြို့ရှိ ဖုန်း အရောင်းအဝယ်ပြုလုပ်နေသူ တစ် ဦးကပြောသည်။
ကားသစ်ရောင်းချရာတွင် အခွန်အခနှင့်ထုတ်ယူမှုအခက်အခဲရှိနေဟု ကုမ္ပဏီများဆို
ကားအသစ်များ ရောင်းချနေရာတွင် အခွန်အခများနှင့်ထုတ်ယူရာတွင် အခက်အခဲများရှိနေဆဲ ဖြစ်ကြောင်း မန္တလေးမြို့တွင် ကျင်းပနေသည့်Mandalay Life Style & Auto Mobile Show တွင် လာရောက် ရောင်းချနေသော ကားကုမ္ပဏီများထံက သိရှိရသည်။
အဆိုပါပြပွဲအား မန္တလေးမြို့တော်စည်ပင်ရုံးတွင် ကျင်းပလျှက်ရှိပြီး စက်တင်ဘာလ (၇)ရက်နေ့မှ စတင်ကာ ပြသလျှက်ရှိပြီး (၃)ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြောက်ဥက္ကလာ(စ)ရပ်ကွက်တွင် ဓါတ်ပုံဆိုင်အပါအ၀င် ဖောက်ထွင်းခံရမှု(၃)ကြိမ်ဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက် မေဓာဝီလမ်းမပေါ်တွင် ဓာတ်ပုံဆိုင် ဖောက်ထွင်းခံရမှုမှာ ယခုတစ်ကြိမ်အပါအ၀င် သုံးနှစ်အတွင်းပုံစံတူ(၃)ကြိမ် ဖောက်ထွင်းခံရမှုဖြစ်ပွား ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံကသိရသည်။
“အဲ့နေ့မနက်က ဆိုင်ဖွင့်ဖို့ရောက်လာတော့ ဆိုင်ကတံခါးဂျက်က ပျက်စီးနေတာကိုတွေ့တယ်။ ဆိုင်ထဲမှာလည်း ပစ္စည်းတွေကိုဝင်မွှေထားတာတွေ့တာ ပျောက်တဲ့ပစ္စည်းတွေလိုက်ကြည့်ပြီးတော့ ဘေးမှာကပ်လျှက်ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားပြီးတိုင်ဖို့လုပ်တော့ ဘယ်သူမှမရှိလို့ရဲစခန်းကို သွားပြီးအမှုဖွင့်ထားတယ်” ဟု ဆိုင်ပိုင်ရှင်ကိုပြေသိန်းက ဖြစ်စဉ်နှင့်ပတ်သက်၍ရှင်းပြသည်။
ပြည်တွင်းတွင် ငြိမ်းချမ်းရေးသင်တန်း HREIB ဖွင့်မည်
စံခလပူရီ (မဇ္ဈိမ) ။ ။ လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ရိုက် ထိတွေ့ဆက်စပ် နေသော ကချင်၊ ချင်း၊ ရှမ်း၊ ကရင်နှင့် မွန်ဒေသ များအတွင်းရှိ ကျောင်းဆရာ/ဆရာမများအတွက် ငြိမ်းချမ်းရေးဆိုင်ရာ နည်းပြသင်တန်းကို ရန်ကုန် မြို့၌ အောက်တိုဘာ လကုန်ပိုင်း၌ ပြုလုပ်သွားမည်ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)၏ ဒါရိုက်တာ ကိုအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။
ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို ကန့်ကွက်ရန် သုံးပါတီဆုံးဖြတ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ လူနေရပ်ကွက်အတွင်းရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကော့သောင်းရှိ နိုင်ငံရေး ပါတီ သုံးခု၏ ပူးပေါင်း အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်ဟု ဒေသခံ ပါတီ တာဝန်ရှိသူများက ပြောသည်။
Subscribe to:
Posts (Atom)