ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ အတုကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန် ကြိုးစားသူ မြန်မာနိုင်ငံသား မွတ်ဆလင် ၁၆ဦးကို ဘင်္ဂလားဒေ့ခ်ျ ရဲတပ်ဖွဲ့မှ ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် ယမန်နေ့က ဖမ်းဆီးလိုက်သည်။
ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းများတွင် ရိုဟင်ဂျာများ ဟု ဖေါ်ပြပြီး မြန်မာနိုင်ငံ အစိုးရက ဘင်္ဂလီများဟု ခေါ်ဆိုသူ ၁၆ ဦးအား ဒက္ကားလေဆိပ်မှနေ၍ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ မထွက်ခွာမီ ဒက္ကားလေဆိပ်သို့ အ၀င်တွင် ဘင်္ဂလာရဲက ဖမ်းမိခြင်း ဖြစ်သည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုဇွန်တောင် စာတိုက် မှတ်တိုင် အနီးရှိ ကြည်တော် ရဲတပ်ဖွဲ့ လူနေ လိုင်းခန်းတွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှုကြောင့် လမ်းသွား လမ်းလာများ၊ မော်တော်ယာဉ်စီး ခရီးသည် များနှင့် ဒေသခံ ပြည်သူများကြား အထိပ်တလန့် ဖြစ်ခဲ့ရကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။