Tuesday, July 24, 2012

ဆရာကြီး သခင်ကိုယ်တော်မှိုင်းအထိမ်းအမှတ်နှင့် စာကြည့်တိုက်များ အမြဲရှင်သန်စေဖို့ မေသင်္ကြန်ဟိန်(မြစ်မခ)

 





ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဇာတိမြေမှာ စာကြည့်တိုက်ဖွင့်မယ်လို့ ကြားကြားခြင်း ကျမအနေနဲ့ ၀မ်းသာမိခဲ့ပါတယ်။ ပြီးတော့ စိတ်မကောင်းလည်း ဖြစ်သွားခဲ့မိတယ်။
 
 သခင်ကိုယ်တော်မှိုင်းလို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးရှေ့ဆောင်ကြီး၊စာပေပညာရှင်ကြီးရဲ့ ဇာတိမြေမှာ အထင်ကရ စာကြည့်တိုက် တောင် မရှိပါလားဆိုပြီး တကယ်ကိုစိတ်မကောင်းဖြစ်ခဲ့ရတယ်။
 

မလေးရှား MAO မှ ရခိုင်ဒုက္ခသည်များ အတွက် ကျပ်သိန်း ၁၃၀ လှူဒါန်း


ခိုင်မောင်ဦး (မလေး)
မလေးရှားနိုင်ငံမှ  ရခိုင်အဖွဲ့  အစည်း တစ်ခု ဖြစ်သည့် (Malaysia Arakan Organization – MAO) မှ ရခိုင် ဒုက္ခသည်များ အတွက် မြန်မာကျပ်ငွေ သိန်း ၁၃၀ လှူဒါန်းလိုက်သည်။

ရခိုင်ပြည်နယ် အစိုးရမှ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အစီရင်ခံစာကို ပယ်ချ


နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့  Amnesty International (AI) က ဇူလိုင်လ ၂၀ နေ့စွဲ ဖြင့် ထုတ်ပြန်သော အစီရင်ခံစာကို  ရခိုင်ပြည်နယ် အစိုးရက ပယ်ချ လိုက်ကြောင်း ဘီဘီစီ မြန်မာပိုင်းမှ ၎င်းနေ့ ညနေပိုင်း အစီအစဉ်တွင် ထုတ်လွှင့်သွားခဲ့သည်။

မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များပြန်လည်တည်ဆောက်ရာတွင် နေအိမ်ပုံစံအညွန်းနှင့် လက်တွေ့ဆောက်လုပ်ပုံအနေထားကွာခြားချက်ရှိနေ



DSC02027


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လွန်ခဲ့သည့် ဇွန်လက ဘင်္ဂလီမူဆလင်များအကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသားများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရာ မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များပြန်လည် တည်ဆောက်ရာတွင် နေအိမ်ပုံစံအညွန်းနှင့် လက်တွေ့ဆောက်လုပ်ပုံအနေထား ကွာခြားချက်ရှိနေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ရှိဘင်္ဂလီမူဆလင်များသို့ ကုန်စည်စီးဆင်းမှု ၂ လ ရပ်တန့်ရန်သဘောတူညီချက်ရ

Trade




ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီမူဆလင်များသို့ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်၍ စစ်တွေမြို့ရှိ သံဃာတော်များ၊ ကုန်သည်ကြီးများနှင့် မြို့မိ၊ မြို့ဖများ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရာ ရေတိုကာလအတွက် ၂ လရပ်ဆိုင်းရန် သဘောတူညီမှု ရရှိခဲ့ကြောင်းသတင်းရရှိသည်။

ရန်ကုန်ရောက် ရခိုင် ကျောင်းသားတွေက ထုတ်ပြန်တဲ့ ကြေငြာချက်



ရန်ကုန်ရောက် ရခိုင် ကျောင်းသားများ စုပေါင်းဆွေးနွေး ညှိုနှိုင်းပွဲ
ရန်ကုန်မြို့စမ်းချောင်းမြို့နယ် အမှတ် ၈၆ မင်းလမ်း မှာရှိတဲ့ ရခိုင် အမျိုးသား ကွန်ယက်မှာ ကိုရဲမင်းဦးနဲ့ ရခိုင် ကျောင်းသား လူငယ်တွေ ရခိုင်စာပေနှင့် ယဉ်ကျေးမှု

တဆင့်ခံဝယ်ယူမှုများကြောင့် အဆမတန်ဈေးထိုးတက်လာသော ပြင်ဦးလွင်အိမ်ခြံမြေဈေး

ပြင်ဦးလွင်မြို့ရှိ အိမ်ခြံမြေဈေးကွက်များမှာတဆင့်ခံဝယ်ယူမှုများကြောင့် ယခုလအပါအ၀င် သုံးလနီးပါးခန့်အရောင်းအ၀ယ်ပါးနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။

မြန်မာ့ရေပိုင်နက်တွင် ဖမ်းမိသော ဘင်္ဂလီများအား လဝကပုဒ်မဖြင့် အရေးယူမည်

ရခိုင်ပြည်နယ် မေယုမြစ်အနောက်တောင်ဘက် မြန်မာ့ရေပိုင်နက်သို့ဖြတ်သန်းလာသည့် စက်လှေတစ်စီးအား ယခုလ ၂၀ရက်နေ့က ရေတပ်မှဖမ်းဆီးရမိခဲ့ရာ စက်လှေတွင်ပါဝင်သူများကို လဝက ပုဒ်မဖြင့် အရေးယူမည်ဟု သိရှိရသည်။
 

စစ်ကိုင်းဆင်များရှင်ကျောက်မျက်ဈေးက ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော်

စစ်ကိုင်းမြို့ (၅)ထပ်ကြီးဘုရားအနီး ဘော်ဂါရပ်ကွက်များရှိ ဆင်များရှင်ကျောက်မျက်ဈေးမှ ဈေးသူဈေးသား (၁၀၀)၀န်းကျင်က အချက်(၃)ချက်အား 23နေ့နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
 

ရာသီဥတုကြောင့် မြမင်းအောင်ရှပ်ပြေးဆယ်ယူရေးလုပ်ငန်းတွင် အခက်အခဲများရှိနေ

လူဦးရေ (၁၂၅) ဦးပါဝင်တိမ်းမှောက်သွားခဲ့သည့်  မြမင်းအောင်ရှပ်ပြေးယာဉ်အားရာသီဥတုအခြေအနေဆိုးဝါးနေခြင်းကြောင့် ယာဉ်နှင့်သေဆုံးသူများအား ပြန်လည်ဆယ်ယူရာတွင်အခက်အခဲများရှိနေကြောင်း သိရှိရသည်။

မိုင်ဂျာယန်စခန်းမှာ လိုအပ်ချက်အများဆုံးဟု နှောင်ကြိုးမဲ့များဆို

ကချင်ပြည်နယ်တွင် ကြုံတွေ့နေသော စစ်ဘေးဒုက္ခသည်များ နေထိုင်သည့် ဒုက္ခသည်စခန်းများ အနက် မိုင်ဂျာယန်စခန်းသည် လိုအပ်ချက်အများဆုံးဖြစ်ကြောင်း နှောင်ကြိုးမဲ့ကွန်ယက်အဖွဲ့က ဆိုသည်။
 

သမ္မတနှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံမှုတွင်လည်း ဒီချုပ်ပါဝင်ဖွယ်မရှိ

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ သီးသန့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သီးသန့်တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း အဆိုပါပါတီ နာ.ယ.က ဦးတင်ဦးက ဆိုသည်။
 

ရန်ကုန်မြို့ရှိ (၆)လမ်းသွားလမ်းမကြီး (၅)လမ်းအား ထပ်ပိုးကတ္တရာခင်းမည်

ရန်ကုန်မြို့တွင်းရှိ (၆)လမ်းသွား လမ်းမကြီး (၅)လမ်းအား ယခုနှစ် စက်တင်ဘာလအတွင်း ထပ်ပိုးကတ္တရာခင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက  သိရှိရသည်။

ဆီးဂိမ်းတွင် မြန်မာ ရွှေတံဆိပ် ၁၀၀ ကျော် ရရန် အားကစားဝန်ကြီး မျှော်မှန်း

နေပြည်တော်(မဇ္ဈိမ) ။       ။၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games)ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံသည် ဘောလုံး အားကစားပြိုင်ပွဲ အပါအဝင် ရွှေဆုတံဆိပ်ပေါင်း ၁၀၀ ကျော် ရရှိနိုင်ရန်
မျှော်မှန်းထားသည်ဟု အားကစားဝန်ကြီး ဦးတင့်ဆန်းက တနင်္လာနေ့က နေပြည်တော် Mount Pleasant ဟိုတယ်တွင်
ပြုလုပ်သည့် ‘၂၇ ကြိမ်မြောက် ဆီးဂိမ်းအောင်နိုင်ရေး စည်းဝေးပွဲ’ အပြီး မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဦးဘရန်ရှောင် အမှု တရားလိုပြသက်သေ စစ်ဆေး

ချင်းမိုင်(မဇ္စျိမ) ။       ။ ဖောက်ခွဲရေးဆိုင်ရာပုဒ်မ ၃ ဖြင့် ကချင်ဒုက္ခသည် စခန်းအတွင်းမှ ဦးလထော် ဘရန်ရှောင်အား ဖမ်းဆီးခဲ့သူ ခရိုင် ဒုစရိုက် နှိမ်နင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်အား တနင်္လာနေ့ တတိယ အကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် စစ်ဆေး မေးမြန်းခဲ့သည်ဟု သိရသည်။