မြိတ်မြို့တွင် နှစ်ပေါင်း ၂၀ ကျော်အတွင်း အာဇာနည် အထိမ်းအမှတ် ကျောက်တိုင်တွင် ပထမဆုံးအကြိမ် အဖြစ် အာဇာနည်နေ့ အခမ်းအနားအား ကျင်းပခဲ့ကြောင်း သိရသည်။
၁၉.၇.၂၀၁၂ တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစီးကျင်းပခဲ့ကာ ရပ်ကွက်အသီးသီးရှိ ပါတီဝင်များ၊ ၈၈ ကျောင်းသားများ အဖွဲ့နှင့် ပြည်သူများ စုစုပေါင်း ၅၀၀ ကျော်ခန့် အခမ်းအနားအား တက်ရောက်ခဲ့ကြောင်း သိရသည်။
အာဇာနည်နေ့
အခမ်းအနားအား ရပ်ကွက် အသီးသီးရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများနှင့် ၈၈
မျိုးဆက်ကျောင်းသားများ အဖွဲ့မှ လွမ်းသူပန်းခွေများ လာရောက်ချခြင်း၊ ဂါဝရပြုခြင်းများ ပြုလုပ်ခဲ့ပြီး နံနက် ၁၀း၃၇ နာရီတွင် အာဇာနည်နေ့ အခမ်းအနားသို့ လာရောက်သော ပြည်သူများက ကားများ၊ ဆိုင်ကယ်များရှိ ဟွန်းများတီးခြင်း၊ ပင်လယ်ပြင်အတွင်းရှိ ငါးဖမ်းလှေများ မှလည်း ဥသြများဆွဲကာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြောင်း သိရသည်။
အခမ်းအနား ပြီးဆုံးပြီးနောက် ပြည်သူများမှလည်း မိမိတို့နှင့်အတူ ပါလာသော ပန်းစည်းများကို အာဇာနည်ကျောက်တိုင်တွင် လာရောက် ဂါဝရပြုခဲ့ကြောင်း သိရသည်။ အာဇာနည်နေ့ အခမ်းအနားအား မြိတ်မြို့ပေါ်ရှိ ရပ်/ကျေးရုံးများတွင်လည်း စာတမ်းဖတ်ခြင်း၊ ကဗျာရွတ်ခြင်း၊ စာပေဟောပြောခြင်းများ ပြုလုပ်ခဲ့ကာ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးကာ အလှူတန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။





၁၉.၇.၂၀၁၂ တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား
အာဇာနည်နေ့
မျိုးဆက်ကျောင်းသားများ အဖွဲ့မှ
အခမ်းအနား ပြီးဆုံးပြီးနောက် ပြည်





No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။