Friday, July 20, 2012

 ပုသိမ်မြို့တွင်(၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဇူလိုင်လ(၁၉)၇က်နေ့နံက်ပိုင်းက (၆၅)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့်  အတူ ပုသိမ်မြို့သူမြို့သားများ အပါအ၀င် ကျေးလက်ဒေသများမှ ပြည်သူများ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

“တစ်ချိန်က ကျင်းပခွင့် မရခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားကို အခုလို ကျင်းပခွင့်၊ ပါဝင်ခွင့်ရတာ အလွန် ကောင်းပါတယ်။ အာဇာနည် တွေရဲ့အနှစ်သာရတွေ ပိုပြီးပီပီ ပြင်ပြင်ပေါ်လာတယ်၊ အာဇာနည်ခေါင်းဆောင်ကြီး တွေရဲ့ စွန့်လွှတ်မှုတွေ ပေးဆပ်မှုတွေကို ပြန်လည်သိမြင် လာခဲ့ရတော့ လူသားခြင်းစာနာစိတ်တွေ၊ ကိုယ်ခြင်းစာစိတ်တွေ၊ စွန့်လွှတ်အနစ်နာခံ စိတ်တွေ ပိုထင်ရှားလာတာပေါ့၊ တိုင်းပြည်ကောင်းစားဘို့ အတွက် ဒီစိတ်ဓါတ်တွေ ကပိုပြီးအရေးပါတယ်၊ ပြည်သူတွေထဲမှာ ဒီစိတ်ဓါတ်တွေ ပိုမိုကိန်းအောင်းဖို့လိုတယ်”လို့ အခမ်းအနားကို တက်ရောက်လာသူများ ထဲမှ အငြိမ်းစားဝန်ထမ်း တစ်ဦးဖြစ်သူ ဦးမြစိန်မှ ပြောပြသည်။
အာဇာနည်နေ့ အခမ်းအနားသို့ ဧရာသတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်တိုင်းဒေသကြီး လွှတ်တော်မှတာ ၀န်ရှိသူများ၊ ပုသိမ်မြို့ပေါ်ရှိ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ၊ ပုသိမ်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ နည်းပညာတက္ကသိုလ်ကျောင်းမှ ကျောင်းသားကျောင်းသူများ အထက၊အလက ကျောင်းများ၏ ကျောင်းသားကိုယ်စားလှယ်များ အများပြည်သူများ အစုအဖွဲ့လိုက် အာဇာနည် ဗိမ္မာန်တွင် အသီး သီးပန်းခွေချကာ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါရ၀ ပြုခဲ့ကြသည်။
ပုသိမ်မြို့တွင် ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားအား  အစိုးရအဖွဲ့နှင့် NLDပါတီတို့ပူးပေါင်း ၍ဆောင်ရွက်ခဲ့သကဲ့သို့ NLD ပါတီမှလည်း တိုင်ရုံးနှင့်မြို့နယ်ရုံးများတွင် အာရုံဆွမ်းကပ်ခြင်း၊ တရားနာခြင်းများ အားရုံးအလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။နှစ်ပေါင်း(၂၀)ကျော် ကြာကျင်းပ ဆောင်ရွက်ခဲ့ခြင်း မရှိသည့် အာဇာနည်နေ့ အခမ်းအနား ယခုကဲ့သို့ စည်ကားစွာ ကျင်းပခဲ့သဖြင့် ပုသိမ်မြို့သူမြို့သားများ ၀မ်းမြောက်ကျေနပ်စွာ ရှိကြောင်းလည်းသိရသည်။
“မကြုံဘူးလို့ ကြုံဘူးချင်တာပါ။ အဖေ အမေတို့ ပြောပြလို့ ဒီအခမ်းအနားအကြောင်း ကြားဘူးတယ်။ကိုယ်တိုင်တွေ့ရတော့ ပြောမပြတတ်အောင် ၀မ်းသာတယ်၊။ အာဇာနည်တွေကိုလည်း အရမ်းလေးစားပါတယ်”လို့ ပုသိမ် GTC ကျောင်းမှ ကျောင်းသူတစ်ဦးမှ ပြောပြသည်။ ကျင်းပခဲ့သည့် အာဇာနည်နေ့ အခမ်းအနားသည် ပြည်သူလူထုအတွင်း ပထမဆုံးကြုံတွေခဲ့ရသ့ည် အခမ်းအနားဖြစ်ပြီး ထင်ထားသည်ထက် ပိုမိုစည်ကားစွာ ကျင်းပခဲ့သဖြင့် ပြည်သူများမှ အားရကျေနပ်မှုရှိကြောင်း သိရသည်။
1
2
3
4
5
6
7

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။