
အာဇာနည်ဗိမာန်ကို လာရောက်တဲ့ လမ်းတလျှောက် ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ၊ အလံတွေကို ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်လာခဲ့ကြပါတယ်။ အာဇာနည်ဗိမာန်ရှေ့မှာတော့ အာဇာနည်ဗိမာန်အတွင်းကို ဝင်ရောက် ဂါရဝပြုမယ့် ပြည်သူလူထုတွေ အတွက် တားမြစ်ချက်တွေ၊ အသိပေးချက်တွေကို ဆိုင်းဘုတ်တွေ ထောင်ပြီး အသိပေး တားမြစ်ထားပါတယ်။ ဒီကနေ့ အာဇာနည်နေ့မှာတော့ ရန်ကုန်မြို့နဲ့ အာဇာနည်ဗိမာန်ရှိရာ လမ်းတလျှောက် လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရှိခဲ့ရပါတယ်။ ၆၅ နှစ်မြောက် အာဇာနည်နေ့မှာတော့ ထူးထူးခြားခြား အဖြစ် နိုင်ငံတော် ဒုသမ္မတ စိုင်းမောက်ခမ်းဝ်ကိုယ်တိုင် အာဇာနည်ခေါင်းဆောင်ကြီးများကို တက်ရောက် ဂါရဝပြုခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဂါရဝပြုခဲ့ပါတယ်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။