
သန်လျင်မြို့ရှိ အာဇာနည်ကျောက်တိုင်တွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းနားတွင် ဥသြဆွဲသံနှင့် အတူ တစ်မိနစ်ငြိမ်သက်ဂါရ၀ပြု ကြစဉ်
သန်လျင်မြို့ရှိ အာဇာနည် ကျောက်တိုင်တွင် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့)က နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါ အာဇာနည်ကျောက်တိုင်တွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းအခမ်းအနားသို့ သန်လျင်မြို့ရှိ နိုင်ငံရေးပါတီရုံးများ၊ အသင်းအဖွဲ့များ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့်အတူ သန်လျင်မြို့ခံ ပြည်သူများက ပန်းစည်း၊ ပန်းခွေများဖြင့် တက်ရောက်ဂါရ၀ါ ပြုခဲ့ကြသည်။
“ ကျွန်တော်က သန်လျင်ဇာတိ ပါ။ ကျွန်တော်တို့ငယ်ငယ်ကတည်း ကရှိနေတဲ့ ဒီကျောက်တိုင်ကြီးမှာ အာ ဇာနည်နေ့ရောက်တိုင်း မြို့နယ်အ လိုက်၊ ရပ်ကွက်အလိုက်၊ အသင်းအဖွဲ့အလိုက် စုရုံးလာရောက်ပြီး ဂါရ၀ ပြုကြတယ်။ ဥသြဆွဲပြီး ငြိမ်သက်တာမျိုးတွေ လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အဲဒီလို အခမ်းအနားမရှိတော့ဘူး။ ဒီကျောက်တိုင်နေရာကလည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်လာပြီး မြက်တောကြီးထဲမှာ ဘာမှန်းမသိတဲ့ ကျောက်တိုင်ကြီးအဖြစ်ပဲ ကလေးတွေ သိကြတော့တယ်။ နှစ်ပေါင်း ၂၀ ကျော် အတွင်းမှာ ဒီပွဲလုပ်တာ ဒါပထမဆုံး ပါပဲ” ဟု သန်လျင်မြို့တွင်နေထိုင်သူ စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သည့် အသက် ၅၁ နှစ်အရွယ် ဦး တင်ထွန်းက ဆိုပါသည်။

သန်လျင်မြို့ရှိ အာဇာနည်ကျောက်တိုင်တွင် ကျင်းပသည့် အာဇာနည်နေ့
အခမ်းနားတွင် လာရောက် ဂါရ၀ပြုကြစဉ်

သန်လျင်မြို့ရှိ အာဇာနည်ကျောက်တိုင်တွင် ကျင်းပသည့်
အာဇာနည်နေ့ အခမ်းနားတွင် လာရောက် ဂါရ၀ပြုကြစဉ်
သန်လျင်မြို့၊ ကျိုက်ဒေးယျုံ ဘုရားအနီးရှိ အာဇာနည်ကျောက်တိုင်တွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်အောင် ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အချိန် တွင် တစ်မိနစ်ကြာ အသံချဲ့စက်မှ ဥသြဆွဲသံနှင့် အနီးအနားရှိ ဆိုင်ကယ်များမှ ဟွန်းသံများ အဆက်မပျက်တီးခဲ့ပြီး တက်ရောက်လာကြသူများ အားလုံးက ၀မ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ကာ အလေးပြုခဲ့ကြသည်။ ထိုငြိမ်သက် အလေးပြုမှုအပြီးတွင် အခမ်းအနား ကိုရုပ်သိမ်းကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။