Friday, May 11, 2012

 စပါးခင်းအလယ်၌ ကလေးငယ်၏ ဦးခေါင်းခွံနှင့် ခန္ဓာကိုယ်အရိုးစုတို့ တွေ့ရှိမှုဖြစ်ပွား

ပျောက်ဆုံးနေသော ကလေးငယ်တစ်ဦးအား တစ်လကျော်ကြာ၌ စပါးခင်းအလယ်တွင် ဦးခေါင်းခွံ၊ ခန္ဓာကိုယ်အရိုးစုတို့အဖြစ် ပြန်လည်တွေ့ရသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

၂၀၁၂ ခုနှစ်၊ မေလ ၄ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် ထန်းတပင်မြို့နယ်၊ ၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်း ဘေးရှိဦး ---၊ ၇၂ နှစ်၊ ထန်းတပင်မြို့နယ်နေသူ၏ လယ်အတွင်း နွေစပါးရိတ်နေသူနှင့်အဖွဲ့မှ စပါးရိတ်စဉ် စပါးခင်းအလယ်၌ လူအရိုးစုတွေ့ရှိခဲ့ကြောင်း ဦးခေါင်းခွံ၊ ခန္ဓာကိုယ်အရိုးစုတွင် အနီရောင်စပို့ ရှပ်လက်တို ရင်ဘတ်၌ ကန့်လန့်အစင်းပါ အကျနှင့် ခရမ်း ရောင် ကွက်စိပ်ဘောင်းဘီတိုအား ၀တ်ဆင်လျက်တွေ့ရှိပြီး သေဆုံးသူမှာ မောင် --၊၁၃နှစ်၊ ထန်းတပင်နေသူဖြစ်ကြောင်း သိရသည်။
အသက် ၁၃ နှစ် အရွယ်ကလေး၏ မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းသန်းက ''ကျွန်မရဲ့ သားက ဧပြီလ ၁ ရက်နေ့က ရွာရဲ့ အေးစေတီဘုရားပွဲတော်မှာ စတုဒီသာကျွေးတော့ သွားကူလုပ်ရင်း ည ၈ နာရီ အချိန်ထိတော့ တွေ့နေသေးတယ်။ အဲဒီနောက်ပိုင်းက စပြီးတော့ပျောက်နေတာ'' ဟု ပြောကြားခဲ့သည်။ မိခင်ဖြစ်သူက ''လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျွန်မနဲ့သိတဲ့အမျိုးသား တစ်ဦးက ကျွန်မရဲ့သားက သူ့ကိုအိပ်မက် လာပေးသွားတယ်။ အိပ်မက်ထဲမှာ ဦး---ရဲ့စပါးခင်းအလယ်မှာ သေဆုံးနေတယ်လို့ ပြောသွားတယ်လို့ နှစ်ကြိမ်တိုင်တိုင် လာပြောပါတယ်။ ဒါနဲ့ကျွန်မတို့က အဲဒီစပါးခင်းမှာ လိုက်ရှာပေမယ့် မတွေ့ခဲ့ဘူး။ ဒါပေမယ့် နောက်တစ်ပတ်အကြာမှာ သူပြောတဲ့ အဲဒီစပါးခင်း အလယ်မှာပဲ စပါးရိတ်နေတဲ့သူက တွေ့ခဲ့ပါတယ်။ အိပ်မက်လာပေးသွားတယ်လို့ ပြောတဲ့အမျိုးသားကိုလည်း ရဲစခန်းက စစ်ဆေးနေပါတယ်''ဟု ဆိုပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။